၁၀၉။ ချန်ရှ်ီ ဆုံးပြီ

3.3K 394 3
                                    

ဖုန်းဖန်းသိုက်နှင့် စွတ်ပြုတ်ပန်းကန်လုံးကို သယ်ထားသော အစေခံတစ်ယောက်သည် အခန်းထဲသို့ ၀င်လာကြသည်။

ထိုနှစ်ယောက်၀င်လာသောအခါတွင် ဖုန်းယွိဟန် လေထဲမှနေ ကတိုးနံ့ပြင်းပြင်းကို အနံ့ရလိုက်မိသည်။ ဆူးပန်းနံ့လည်း ရောနေပြီး သုံးထားသည့်ပမာဏက အတော်လေး များသည့်ပုံပင် ။

ဖုန်းယွိဟန် ဖုန်းဖန်းသိုက်ကို ကြည့်လိုက်မိ၏ ။ သည်ကောင်မလေး ရူးများသွားပြီလား ။

ဖုန်းဖန်းသိုက်သည် ဖုန်းယွိဟန်ရှိနေမည်ဟု ထင်မထားခဲ့၍ ရုတ်တရက် ရပ်လိုက်သည့်အတွက် အနောက်မှပါလာသော အစေခံက သူမကို ၀င်တိုက်မိသွားလေသည်။

ဖုန်းယွိဟန် ပြုံးလိုက်မိသည်။ " စတုတ္ထညီမ ဘာဖြစ်တာလဲ ၊ ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်ရတာလဲ ၊ မတော်လို့ စွပ်ပြုတ်တွေ မှောက်ကုန်ရင် နှမြောစရာကြီးလေ "

ဖုန်းဖန်းသိုက်က ထိုစကားများ၏ နောက်ကွယ်တွင် အခြားအဓိပ္ပာယ်ရှိနေသည်ဟု ထင်သွားသဖြင့် ကြောက်ရွံ့နေသော သူမ၏စိတ်သည် ပိုဆိုးသွားတော့သည်။

သူမ မသိခဲ့သည်က စွပ်ပြုတ်၏အနံ့ကို ရလိုက်ကတည်းက သူမ၏အကြံကို ဖုန်းယွိဟန်က သိသွားခဲ့ပြီဆိုသည်ကိုပင် ။ ကျင်းကျန့်ကမူ ဘာကိုမှနားမလည်ဘဲ စွပ်ပြုတ်၏အနံ့ကို မွှေးသည်ဟုထင်နေ၍ ဖုန်းဖန်းသိုက်ကို မေးလိုက်လေသည်။ " စတုတ္ထသခင်မလေးက ကျွန်မအတွက် စွပ်ပြုတ်ယူလာပေးတာပါလား " ကျင်းကျန့်၏ စကားသံက ဟန်အမူအရာပိုနေလေသည်။ " ကျွန်မကို စိတ်ပူပေးတဲ့အတွက် ဒီကိုယ်လုပ်တော်က စတုတ္ထသခင်မလေးကို ကျေးဇူးတင်ပါတယ်ရှင် "

ဖုန်းယွိဟန် ရှိနေသဖြင့် ဤစွပ်ပြုတ်ပန်းကန်အား အောင်အောင်မြင်မြင် တိုက်လို့ရနိုင်မည်မဟုတ်သည်ကို ဖုန်းဖန်းသိုက်သိသည်။ အဆိုးဆုံးအနေဖြင့် သူမ၏အကြံသည် ဖော်ထုတ်ခံလိုက်ရနိုင်ပေသည်။ ထို့ကြောင့် ဖုန်းဖန်းသိုက် ကျင်းကျန့်အား မျက်စောင်းထိုးလိုက်ပြီး ဖုန်းယွိဟန်ထံ ပြန်ပြောလိုက်သည်။ " ဒုတိယအစ်မလည်း ရှိနေမယ်မထင်ထားခဲ့ဘူး ၊ ဘာရယ်မဟုတ်ဘူး ဒီအတိုင်းလာခဲ့တာ ၊ တွေ့ပြီးပြီဆိုတော့ ရပြီ ၊ နှစ်ယောက် စကားဆက်ပြောနေကြလေ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now