၁၂၀။ နန်းတွင်းသို့ ၀င်ခြင်း

3.2K 359 11
                                    

ဖုန်းချန်းယွိီအား နန်းတွင်းထဲသို့ ၀င်ခွင့်ပိတ်ထားသည်ကို ချင်လဲ့လည်း သိထားပေသည်။ သို့ပေမယ့်လည်း ဖုန်းချန်းယွီက ဘာအကြောင်းနဲ့ နန်းတွင်းသို့၀င်ချင်နေသည်ကိုမူ သူမ မသိပေ ။

" နန်းတွင်းထဲက ဆောင်းဦးလယ်ပွဲတော်က ခမ်းနားတယ်ဆိုပေမယ့် တက်ရမှဖြစ်မယ့်ပွဲမျိုးတော့ မဟုတ်ဘူးလေ ၊ အရင်နှစ်တွေကလည်း မတက်ဘဲနေလာပြီးမှ ဘာလို့ ဒီနှစ်ကြ သွားကိုသွားရမှဖြစ်မယ်ဆိုပြီး ဖြစ်နေရတာလဲ "

အကြောင်းပြချက်ကို ဖုန်းချန်းယွီ တွေးထားပြီးသွားပြီဖြစ်သည်။ " ဒီတစ်ခေါက်က ဖုန်းယွိဟန်လည်း ပထမဆုံးတက်မယ့်အခေါက်ပဲလေ ၊ သူမ ကြိုပြင်ထားမယ်ဆိုလည်း လစ်ဟာနေတဲ့နေရာတော့ ရှိဦးမှာပဲမလား ၊ ပြီးတော့ အဲ့ဒီ့လစ်ဟာနေတာကို ချန်းယွီတို့က အခွင့်ကောင်းယူလိုက်လို့ ရတယ်လေ ၊ မဟုတ်မှ သမီးတော်ချင်လဲ့က ဖုန်းယွိဟန် သူမကိုယ်သူမ အရူးလုပ်သလိုဖြစ်နေတာကို မမြင်ချင်လို့များလား "

ဖုန်းချန်းယွီ၏စကားများက ချင်လဲ့၏စိတ်ကို ဆွပေးလိုက်နိုင်လေသည်။ ချင်လဲ့က ခဏစဥ်းစားပြီးနောက်တွင် အကြံရလာတော့သည်။ " ပွဲတော်နေ့ကြရင် နင့်မျက်နှာကို ဒီ့ထက်နည်းနည်းလောက် ပိုမည်းအောင် ပြင်ဆင်ပြီး ငါ့အစေခံအဖြစ် ဟန်ဆောင်လိုက် ၊ ငါ အရဲစွန့်ပြီး နင့်ကို နန်းတွင်းထဲခေါ်သွားပေးမယ် "

ဖုန်းချန်းယွီက ပျော်သွားလေသည်။ " သမိီးတော်ချင်လဲ့ စိတ်ချပါ ၊ ချန်းယွီ သရုပ်မှန်မပေါ်အောင် နေပါ့မယ် "

ချင်လဲ့ ဖုန်းချန်းယွီအား သတိပေးလိုက်သည်။ " တစ်ယောက်ယောက်က မှတ်မိသွားရင် ငါ နင့်ကို ကာကွယ်ပေးမှာ မဟုတ်ဘူးနော် "

ဖုန်းချန်းယွီက မြို့စွန်တွင်ရှိသော တင်းအန်းနန်းတော်အပိုင် ရွာငယ်လေး၌ လာတွေ့ရန် နှစ်ဦးသား သဘောတူလိုက်ကြလေသည်။ မပြန်ခင်တွင် ချင်လဲ့က ဖုန်းချန်းယွီအား သတိပေးလိုက်သေးသည်။ " ဧကရီမယ်မယ်က ကြောင်တွေကို ကြောက်တယ်တဲ့ "

ဖုန်းချန်းယွီက ငြိမ်ကျသွားလေ၏။

ဤသို့ဖြင့် ပွဲတော်နေ့သို့ ရောက်လာတော့သည်။ ဖုန်းယွိဟန်က ရွှမ်ထျန်းမင်၏ ခြေထောက်များကို မည်သို့ကုပေးရမည်ကို စဥ်းစားနေစဥ်တွင် ယောင်ရှီက ပြောလာလေသည်။ " ဒီနေ့ညက ဆောင်းဦးလယ်ပွဲတော်ညပဲ ... " ဟုဆိုကာ ချင်းလင်ထံမှ အတည်နှစ်ထည်ကို ယောင်ရှီက လှမ်းယူလိုက်လေသည်။ " အားဟန်နဲ့ ရှန်းရုန်၀တ်မယ်ဆိုတဲ့ အင်္ကျီတွေက လှပါတယ် ၊ ဒါပေမယ့်လည်း ချန်ရှီ ဆုံးထားတာမကြာသေးဘူးဆိုတော့ အဲ့ဒီ့အင်္ကျီတွေကို ၀တ်ဖို့က မသင့်တော်သေးဘူး ၊ ဒါကြောင့် ကိုယ်လုပ်တော်အန်းနဲ့ တိုင်ပင်ပြီးတော့ အမေတို့ ပြန်ပြင်ထားတယ် ၊ တစ်ထည်က ရေပြာရောင်လေး ၊ နောက်တစ်ထည်ကကြ အပြာနုရောင်လေးဆိုတော့ အားဟန်တို့အတွက် အသင့်တော်ဆုံးပဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWaar verhalen tot leven komen. Ontdek het nu