၆၁။ ရွှမ်ထျန်းမင် ၊ ရှင့်မှာ အမြင်ရှိသားပဲ

3.9K 441 19
                                    

ရွှမ်ထျန်းမင်သည် ဖုန်းမိသားစု၀င်အားလုံးအား နှလုံးပြုတ်ထွက်မတက် လန့်သွားစေတာဖြစ်သည်။ ဖုန်းဇီဟောင်၏ ခန္ဓာကိုယ်တွင် သွေးစီးကြောင်းကြီးက ချက်ချင်းဆိုသလို ပေါ်လာသည်ကိုကြည့်ကာ ဘာတစ်ခွန်းမှ ထုတ်မပြောရဲကြ။

ဖုန်းကျင်းယွမ်သည်လည်း သူသည် ဤပုဂ္ဂိုလ်အား ရန်စ၍ မဖြစ်သည်ကိုသိသည်။ သူ့ရှေ့တွင် အကျိုးသင့် အကြောင်းသင့် ပြော၍ မရသည်ကိုလည်း သိသည်။ သူ့သားဖြစ်သူသည် ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရ၍ အသိစိတ် အနည်းငယ် ပြန်၀င်လာမည်ဆိုလျှင်လည်း ကောင်းတာပါပဲဟု တွေးနေလေသည်။

ဖုန်းဇီဟောင်သည်လည်း အသုံးမကျရုံသာဖြစ်ကာ တုံးအသည့်သူမဟုတ်၍ ရွှမ်ထျန်းမင်၏ ကြာပွတ်နှင့် အရိုက်ခံရပြီးနောက် ကိုယ့်ကိုယ်ကို ငတုံးဟုသာ ကျိန်ဆဲမိတော့သည်။ ထိုပုဂ္ဂိုလ်အား ပြောပြနေလို့ရော ဘာထူးမှာတဲ့လဲ။

သို့ဖြစ်၍ သူသည် မြေပေါ်၌ ၀ပ်တွားချလိုက်ကာ " အရှင့်သား ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ " ဟူ၍ တောင်းပန်လေသည်။

ရွှမ်ထျန်းမင်သည် ဖုန်းဇီဟောင်အား လျစ်လျူရှုထားလိုက်ကာ ကုန်းကုန်းအား အချက်ပြလိုက်သည်။ ဘေးတွင် ရပ်နေခဲ့သည့် ကုန်းကုန်းသည် ထမင်းချိုင့်လေးကို သယ်ကာ ဖုန်းယွိဟန်ရှိရာသို့ ယူသွားပေးလေသည်။

သူမရှေ့သို့ ရောက်သည့်အခါတွင်တော့ ဖုန်းယွိဟန်သည် ဖုန်းချန်းယွီနှင့် အတူယှဥ်ရပ်နေတာဖြစ်၍ ကုန်းကုန်းသည် မည်သူက ၀မ်ဖေးလောင်း ဖြစ်သည်ကို မသိတော့၍ ထိုနေရာတွင်ပဲ ဘာလုပ်ရမည်မသိဖြစ်ကာ ရပ်နေမိလေသည်။

ရွှမ်ထျန်းမင်သည် ကုန်းကုန်း၏ ဝေခွဲမရဖြစ်နေသည့်ဟန်ကြောင့် မျက်နှာပျက်သွားတော့သည်။

" မင်းက ဘာလို့များ ၀မ်ဖေးလောင်းကိုတောင် မသိရတာလဲ။ " ပြောနေရင်းဖြင့် ရွှမ်ထျန်းမင်သည် လက်ကို ဆန့်ထုတ်းလိုက်ရင်း သူ၏ မူလက  အေးစက်စက်နိုင်ကာ ပျင်းတိပျင်းတွဲသံမှ တုန်နေအောင်ချစ်ကာ အလိုလိုက်သည့် အသံသို့ ပြောင်းသွားကာ ဖုန်းဟွိဟန်အား ခေါ်လေသည်။ " ဟန်ဟန် ၊ ဒီနားကိုလာခဲ့။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုHikayelerin yaşadığı yer. Şimdi keşfedin