၇၉။ မမကြီးရဲ့ နာမည်က ဖုန်းချန်းယွီလား ချန်ချန်းယွီလား

3.7K 387 4
                                    

ဖုန်းချန်းယွီသည် ရှူးယခြံ၀င်းသို့ မရောက်သေးခင်ကပင် အထိန်းတော်ကျောက်ထံမှ အကြောင်းစုံကို ကြိုသိထားပြီးပြီဖြစ်သည်။ သူမသည် သွားနေစဥ်အတွင်း တက်နိုင်သရွေ့ အချိန်ဆွဲကာ ဘယ်လိုလုပ်ရမည်ကို တွေးတောဖို့ အချိန်တစ်ခုရှာခဲ့သော်လည်း ရှူးယခြံ၀င်းသို့ ရောက်သွားသည့်တိုင်အောင် ဘာအကြံဉာဏ်မှ ထွက်မလာချေ။

သခင်မကြီးသည် သူမအား ဘာအတွက်ကြောင့် ခေါ်ရသလဲဆိုသည်ကို သူမ မတွေးနိုင်ဖြစ်နေသည်။ သူမကို ကျင်းယွီခြံ၀င်းကနေ နှင်ထုတ်ပြီး ဖုန်းယွိဟန်ကို ပေးလိုက်ချင်လို့လား။ ထိုသည်က ဖုန်းချန်းယွီတွေးနိုင်သည့် အဆိုးဆုံးဖြစ်နိုင်ချေ ဖြစ်သည်။

" ပထမသခင်မလေးကို နှုတ်ခွန်းဆက်ပါတယ်။ " ဖုန်းချန်းယွီ ၀င်လာသည့်အခါ အန်းရှီနှင့် ဟန်ရှီသည် ထရပ်ကာ နှုတ်ဆက်လေသည်။ ဟန်ရှီသည် ဖုန်းချန်းယွီအား စေ့စေ့မကြည့်ရဲ။ ဤအချိန်မျိုးတွင် သူမကိုယ်သူမ ဖုန်းချန်းယွီနှင့် တက်နိုင်သမျှ ဝေးဝေးနေရမည်ဟု တွေးထားလေသည်။ ပထမသခင်မလေးက အနာဂတ်တွင် ဘာပဲဖြစ်လာဖြစ်လာ လောလောဆယ်တွင်တော့ သူမ အရင် အသက်ရှင်နေဖို့သာ လိုပေသည်။

" ကိုယ်လုပ်တော်နှစ်ယောက် ယဥ်ကျေးနေဖို့မလိုပါဘူး။ " ဖုန်းချန်းယွီသည် သူမ၏ ကြာပန်းဖြူလေးဇာတ်ကို ကနေဆဲပင်။ အန်းရှီနှင့် ဟန်ရှီအား ပြန်၍ နှုတ်ဆက်လိုက်ပြီးနောက် သခင်မကြီးအား " ချန်းယွီ ဖွားဖွားကို ဂါရ၀ပြုပါတယ်။ " ဟူ၍ နှုတ်ဆက်လေသည်။

" ဟုတ်ပါပြီ ၊ ထတော့လေ။ " သခင်မကြီးသည် အထိန်းတော်ကျောက်အား ဖုန်းချန်းယွီကို ထူပေးစေလိုက်သည်။ " စကားမပြောခင် အရင်ထိုင်လိုက်ဦး။ " သခင်မကြီးသည် ချန်ရှီအား ဘယ်လိုပင် သဘောမကျမကျ ဤမြေးမလေးက်ိုတော့ ဖုန်းယွိဟန်၏ နောက်နေရာတွင် ထားကာ ဦးစားပေးနေဆဲပင်။ ယခုတွင် ဖုန်းယွိဟန်သည် အံ့သြစရာကောင်းလောက်အောင် ဖြစ်နေသော်လည်း ဖုန်းချန်းယွီကိုလည်း လျစ်လျူရှုထား၍ မဖြစ်ပါ။ သူမသည်သာလျှင် ဖုန်းမိသားစု၏ တကယ့်မျှော်လင့်ချက် ဖြစ်လာနိုင်သည် မဟုတ်လား ။ ဖုန်းမိသားစုက ခိုင်ခိုင်မာမာ ရပ်တည်နိုင်မလား မရပ်တည်နိုင်ဘူးလား ဆိုသည်က ဖုန်းချန်းယွီတစ်ယောက်တည်းပေါ်တွင်သာ မှီခိုနေနိုင်လေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now