၁၂။ အဖေက ကျေးဇူးမသိတဲ့သူ မဟုတ်ပါဘူး

4.1K 428 3
                                    

ဖုန်းယွိဟန် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းမော့ပြီး အမျိုးသမီးကြီးထံ ကြည့်လိုက်သည်။ ဒါပဲလား။

ဖုန်းယွိဟန်က သူမအားကြည့်နေသည့်ကိုမြင်သည့်အခါ အမျိုးသမီးကြီး၏ မျက်နှာသည် မနှစ်မြို့မှုကြောင့် ပျက်ယွင်းသွားသည်။ သို့ပါသော်ငြား သည်းခံတတ်သည့်ဟန်ဖမ်းကာ ဖုန်းယွိဟန်အား " မင်းတို့အဖေနဲ့ငါက ကလေးတွေအကြောင်းအမြဲသတိရနေခဲ့တာ။ အဲ့တာကြောင့်လည်း လူလွှတ်ပြီး ပြန်ခေါ်ခိုင်းလိုက်ရတာပေါ့။ ပြန်ရောက်လာပြီဆိုမှတော့ ကျေးဇူးသိတတ်ရမယ်။ နားလည်လား။ " ဟု ပြောသည်။

" ဟုတ်ကဲ့ပါ။ " ဖုန်းယွိဟန်ခေါင်းညိတ်ပြလိုက်သည်။ သူမ မျက်နှာသည် အပြစ်မဆိုတတ်သူသဖွယ်ဆက်ရှိနေပြီး စကားစပြောလိုက်သည်။ သူမအသံကတော့ ခံစားမှုများကင်းမဲ့လို့နေသည်။ " ဒါကြောင့်လည်း အဖေက ဂရုအစိုက်တတ်ဆုံးနဲ့ ​တရားရမျှတပြီး ဖြောင့်မတ်မှုအရှိဆုံးလို့ ကျော်ကြားတာနေမှာ။ "

ထိုစကားများက ဖုန်းကျင်းယွမ်အား မြောက်သွားစေသော်ငြား သူကတော့ တည်တည်ငြိမ်ငြိမ်ပုံ ဆက်ဖမ်းလို့ထားသည်။ ဖုန်းယွိဟန်က ထိုသည်ကို ထပ်ဖြည့်၍ ပြောလာလိမ့်မည်ဟုတော့ ဘယ်သူသိပါလိမ့်မလဲ။ " ကိုယ်လုပ်တော်ချန်ရဲ့ မိသားစုက အဖေ နန်းတွင်းစာမေးပွဲဖြေတုန်းက အကူအညီပေးခဲ့တာကို အဖေက ပြန်တွေးဆစဥ်းစားပေးခဲ့လို့သာမဟုတ်ရင် ဘယ်လ်ိုလုပ်ပြီးများ  ကိုယ်လုပ်တော်ချန်ကို ပဏာမဇနီးနေရာ ပေးလိုက်ပါ့မလဲ ။ ဒါက အဖေက တကယ့်ကို ကျေးဇူးသိတတ်တဲသူဆိုတာကို ပြနေတာပဲ။ ကိုယ်ကျင့်တရား စောင့်ထိန်းတာ တကယ့်ကို ကောင်းမွန်တဲ့ လူ့ကျင့်၀တ်ပါပဲလေ။ "

" ဖူး! "

ထိုစကားများကြားလိုက်ရသည့်အခါ ချန်ရှီသည် ငြိမ်၍ ထိုင်မနေနိုင်တော့ပေ။ ရေနွေးထည့်ထားပါသော လက်ဖက်ရည်ခွက်အား ချက်ချင်းဆ်ိုသလို ပစ်ပေါက်လိုက်၍ ဖုန်းယွိဟန်ရှေ့၌ ကျကွဲကာ ရေများစင်ထွက်လာတော့သည်။

ဖုန်းယွိဟန် သူမ အမေနှင့် မောင်လေးအား ကာထားပေးလိုက်ပြီး ထရပ်လိုက်ကာ လက်ဖက်ရည်ခွက်အား ပစ်ပေါက်လိုက်သည့် ၀က်၀ံမကြီးကို ကြည့်လိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now