၅၅။ ရွှမ်ထျန်းမင် ၊ ကျွန်မ ပစ္စည်းတွေကို ဖျက်ဆီးရဲတဲ့ သတ္တိကို ဘယ်ကရတာလဲ

3.9K 481 21
                                    

သိမ်မွေ့ခြင်းနတ်ဘုရားဆိုင် ဟူသည်ကား စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ကာ မြို့တော်ထဲရှိ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

ထိုဆိုင်၏ ထူးခြားမှုက်ို ပြောရမည်ဆိုပါက ဆိုင်၏ တည်နေရာကပင် စပြောရပေမည်။

မြို့တော်၏ အလယ်၌ ရေကန်တစ်ကန်ရှိကာ လူအများစိတ်၀င်စားကြသော နေရာတစ်ခုလည်းဖြစ်လေသည်။ ညစဥ်ညတိုင်း ကန်ထဲ၌ လှေစ်ိီးကာ လေညှင်းခံရင်း သံစဥ်လေးနားထောင်ကာ လက်ဖက်ရည်သုံးဆောင်နေသူများဖြင့် စည်ကားနေတက်လေသည်။ ယောက်ျားလေးများကတော့ ယပ်တောင်လေးကိုင်ထားရင်း ဟန်ပါပါဖြင့် မိန်းကလေးများအား မျက်စပစ်တက်ကြသေးသည်။

ကန်၏ အလယ်တည့်တည့်တွင် ရှိနေသည်ကား မြို့တော်၏ စျေးအကြီးဆုံးနှင့် အရသာအရှိဆုံးသော စားဖွယ်များကို ရနိုင်သည့် စားသောက်ဆိုင်တည်ရှိလေသည်။ စားပွဲတစ်နေရာစာ ရဖို့ပင် အလွန်ခက်ခဲလှသည့် သိမ်မွေ့ခြင်းနတ်ဘုရားဆိုင်ပင် ဖြစ်သည်။

သိမ်မွေ့ခြင်းနတ်ဘုရားဆိုင်သို့ သွားရောက်လိုသူများသည် ဦးစွာ လှေငယ်လေးများကို စီးဖို့ရန် ငွေထုတ်၍ သုံးကြရမည်ဖြစ်သည်။ ထိုမှသာ လှေသမားက ဆိုင်ရှိရှာဆီသို့ ခေါ်သွားပေးမှာ ဖြစ်သည်။ အပြန်ကျလျှင်လည်း အလာတုန်းကအတိုင်းပင် ဖြစ်လေသည်။

ဖုန်းယွိဟန်တို့ သုံးဦးလည်း အများသူငှာနည်းတူ ဆိုင်ရှိရာဆီသို့ သွားလိုက်ကြသည်။

ဟူးအန်းချွမ်သည် ထိုသိမ်မွေ့ခြင်းနတ်ဘုရားဆိုင်နှင့် ရင်းနှီးကြောင်း သိသာလှသည်။ ဖုန်းယွိဟန်အား လှေပေါ်သို့ရောက်ကတည်းက ထိုဆိုင်၏ အကြောင်းအား ရှင်းပြနေလေသည်။ " အရှင့်သား ကိုးနှစ်အရွယ်တုန်းက ဒီဆိုင်ကို အပျော်အနေနဲ့ ဖွင့်ခဲ့တာပါ။ အဲ့လို အပျော်လျှောက်လုပ်နေတာကို ဒီလောက် နာမည်ကြီးသွားမယ်လို့ ဘယ်သူကထင်ထားပါ့မလဲ။ မြို့တော်ထဲက မင်းသားဖြစ်ဖြစ် သခင်မလေးတွေပဲဖြစ်ဖြစ် အားလုံးက သိမ်မွေ့ခြင်း နတ်ဘုရားဆိုင်မှာ ထိုင်နိုင်တာကို အဆင့်အတန်းမြင့်တယ်လို့ ယူဆနေကြတာပါ။ အရင်ကတော့ သီးသန့်ခန်းတွေနဲ့ လှေကပ်ဖို့နေရာလောက်ပဲ နေရာရဖို့ခက်တာပါ။ အခုတော့ အပြင်က စားပွဲတွေတောင် နေရာရဖို့ ခက်သွားပါပြီ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now