၈၄။ ပြဿနာကို မီးခွက်ထွန်းပြီးရှာ

3.3K 384 22
                                    

မင်းသားခုနစ် ၊ ရွှမ်ထျန်းဟွာလည်း မင်းသမီးကြီးတင်းအန်း၏ မွေးနေ့ပွဲကို တက်ရောက်မည်ဟု ကြားသည့်အခါ ဖုန်းချန်းယွီသည် ချက်ချင်းဆိုသလို သူမလည်း မွေးနေ့ပွဲတက်မည်ဟု သဘောတူလိုက်လေသည်။

သူမ၏ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အမူအရာအား ဖုန်းယွိဟန် တွေ့လိုက်ရ၍ ရွှမ်ထျန်းဟွာ၏ အပူအပင်ကင်းသည့်ဟန်နှင့် လုံး၀မလိုက်ဖက်ဟု တွေးနေလေသည်။

နောက်ဆုံးတွင်တော့ ဘယ်သူတွေက မွေးနေ့ပွဲကို တက်မည်ဆိုသည်ကို သတ်မှတ်လို့ပြီးသွားတော့သည်။ ပွဲတော်အကြောင်းဆိုမှ ဘုရားကျောင်းတွင် ရွှမ်ထျန်းကောပြောခဲ့သည့် ဆောင်းဦးလယ်ပွဲတော်အကြောင်းကို သတိရသွား၍ ၀မ်ချူးအန်းအား ခေါ်ကာ စေခိုင်းမိတော့သည်။ " ရွှမ်ထျန်းမင် ပေးထားတဲ့ ပိတ်စတွေကို တစ်ချက်လောက်သွားကြည့်ပြီး ဆောင်းဦးမှာ ၀တ်ဖို့ သင့်လျော်မယ့်ဟာကို ရှာပြီးတော့ ဆောင်းဦးလယ်ပွဲတော်မှာ ၀တ်ဖို့ တစ်စုံလောက်ချုပ်ထားလိုက်ဦး။ "

၀မ်ချူးအန်းသည် ဖုန်းယွိဟန်မှ ထိုပိတ်စများကို အသုံးပြုဖို့ နောက်ဆုံးတော့ သတိရသွားပြီပဲဟုတွေးရင်း စိတ်သက်သာရသွားကာ သက်ပြင်းချလေသည်။ " သခင်မလေး ၊ သခင်မလေးသာ အဲ့ဒီ့ပိတ်စတွေကို မသုံးသေးဘူးဆိုရင် ဒီအစေခံကလည်း သခင်မလေးကို သတိပေးတော့မလို့ပါ။ "

" ဘာလို့လဲ ? " ဖုန်းယွိဟန်သည် နားမလည်။ " အဲ့တာတွေက အရမ်းစျေးကြီးတဲ့ ပိတ်စတွေမလား ။ ငါတော့ ဒီအတိုင်း လက်လွတ်စပယ် လျှောက်မသုံးရက်ပါဘူးနော်။ "

၀မ်ချူးအန်းကလည်း ပြန်၍ ခုခံပြောဆိုသည်။ " ဘယ်လောက်စျေးကြီးကြီး အဲ့တာက တခြားသူတွေ အတွက်ပါ။ ဒီကောင်းကင်အောက်မှာ အရှင့်သား မရနိုင်တဲ့ အရာဆိုတာ မရှိပါဘူး ၊ သခင်မလေးရဲ့။ အရှင့်သားက ဒါတွေကို သခင်မလေးကို ပေးတယ်ဆိုတာ သခင်မလေး သုံးတာ ၀တ်တာကို မြင်ချင်လို့နေမှာပါ။ မသုံးဘဲထားရင် အလကားဖြစ်ကုန်မှာပေါ့။ သခင်မလေး ၊ စိတ်ပူမနေဘဲ ၀တ်သာ၀တ်ပစ်လိုက်ပါ။ အားလုံး ၀တ်ပစ်လိုက်လို့ မကျန်တော့ရင်လည်း အရှင့်သားက ထပ်ပေးမှာပေါ့။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now