၁၇၉။ အမေ့ကို ဂါ၀ရပြုပါတယ်

2.2K 261 3
                                    

နေမ၀င်ခင် ပွဲတော်ကို အဆုံးသတ်လိုက်ကြသည်။ ပွဲတော်မပြီးခင်တွင် ပွဲတော်ကျင်းပရခြင်း၏ အဓိကအကြောင်းအရင်းအတိုင်း ဖုန်းထုံခရိုင်တွင် ကြုံတွေ့ခဲ့ရသည်များကို နှစ်သိမ့်ပေးသောအားဖြင့် အမတ်များ ၊ သခင်မများ နှင့် သခင်မလေးများက ဖုန်းယွိဟန်ထံ အလျှိုလျှို နှစ်သိမ့်စကားများ လာပြောသွားကြလေ၏။

ဖုန်းကျင်းယွမ်ကမူ နောက်ပိုင်းတွင် စကားတစ်ခွန်းမပြောတော့ဘဲ ၀ိုင်တစ်ခွက်ကိုင်ကာ အဆုံးမရှိ အတွေးနနယ်ချဲ့လို့နေသည်။ ဖုန်းယွိဟန်က လူဘယ်နှစ်ယောက်ကိုများ ရင်းနှီးကျွမ်း၀င်အောင် လုပ်ပြီးသွားပြိိီလဲ ။ ထိုင်နေလျှင်အကောင်း ထသွားမှကျိုးမှန်းသိတယ်ဟူသော ဆိုရိုးကဲ့သို့ပင် မတွေးကြည့်ခင်က တော်သေးသော်ငြား တွေးပြီးနောက်တွင်မူ အံ့သြမဆုံးဖြစ်သွားမိသည်။ ဂုဏ်ထူးအာဏာရှိသူများအားလုံးနီးပါးသည် ဖုန်းယွိဟန်ဘက်တော်သားများ ဖြစ်နေကြလေပြီ ။ နောင်တစ်ချိန်တွင် ဘာမှမဖြစ်ခဲ့ပါက မသိသာလောက်သော်လည်း တစ်စုံတစ်ရာသာ ဖြစ်ပွားခဲ့ပါက ဖုန်းအိမ်တော်ကို ပြဿနာရှာမည့်သူများက ယခုတစ်ကြိမ်ထက်ပင် များလာလောက်ပေသည်။

လှေငယ်လေးပေါ်တွင်ထိုင်နေရင်း ကျွန်းပေါ်မှပြန်နေသည်အထိ ဖုန်းကျင်းယွမ်မှာ အတွေးမဆုံးသေးပေ ။ ယောင်ရှီက ဖုန်းမိသားစု၏ ပထမဇနီး တစ်ဖန်ဖြစ်လာခဲ့လေပြီ ။ ဖုန်းယွိဟန်နှင့် ဖုန်းဇီရွေ့သည်လည်း တရား၀င်သားသမီးများ ပြန်ဖြစ်လာပြီဖြစ်သည်။ တွေးကြည့်ရပါက ပြဿနာဖြစ်စရာ ဘာအကြောင်းမှမရှိဘူးလားလို့ ၊ ဟုတ်တယ်မလား ။

သို့သော်လည်း မင်းသားသုံးဘက်မှ ကိစ္စများကိုတော့ စိုးရိမ်မိနေသေးသည်။ ရှန်၀မ်ဖေးက နေကောင်းသွားပြီဖြစ်၍ ဖုန်းချန်းယွီ၏လက်ထပ်ပွဲကိစ္စသည် နောက်ဆုတ်ထားရတော့မည်ဖြစ်သည် ။ ထိုကလေးမက နောက်နှစ်ဆို လက်ထပ်ရမည့်အရွယ်သို့ ရောက်ပြီဖြစ်၍ ယခုကိစ္စကို အချိန်ဆွဲနေလို့မဖြစ်ပါ ။

ကိစ္စပေါင်းစုံ တွေးနေရသဖြင့် ဖုန်းကျင်းယွမ်၏ခေါင်းမှာ ရှုပ်ထွေးနေပြီဖြစ်သည်။ ဖုန်းယွိဟန်သည်ကား ရွှမ်ထျန်းမင်၏ အနက်ရောင်ကျောက်စိမ်းလှေပေါ်တွင် ထိုင်နေလေ၏။ ထိုနှစ်ဦးမှာ မျက်နှာချင်းဆိုင်ထိုင်နေပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေကြသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now