၁၉၁။ ကောင်မလေး ၊ အစ်ကိုတော်ခုနစ်က သနားဖို့ကောင်းတယ်သိရဲ့လား

1.5K 202 4
                                    

" အစ်ကိုတော်ခုနစ် ! "

" အရှင့်သား ! "

ဖုန်းယွိဟန်နှင့်ပန်ကျိုးတို့ နှစ်ဦးလုံးမှာ နားပါးသူများဖြစ်ကြ၍ ချက်ချင်းပင် အသံထွက်လာသည့်နေရာသို့ သွားလိုက်ကြသည်။

တောင်အတွင်းပိုင်းသို့ ရောက်သည့်အခါတွင် လူတစ်ယောက်က ဖြည်ဖြည်းချင်း ခက်ခက်ခဲခဲ လျှောက်လာနေသည်ကို တွေ့လိုက်ရသည် ။

ထိုသူက ရွှမ်ထျန်းဟွာဖြစ်သည်ကို ဖုန်းယွိဟန်သိသည်။ ဖြည်းဖြည်းချင်းလျှောက်နေပြီး အနည်ငယ် ဖရိုဖရဲဖြစ်နေသော်လည်း ထိုသူက နတ်ဘုရားတစ်ပါးလို မင်းသားခုနစ်ဖြစ်နေတုန်းပင် ။ ကြာမှန်လျှင် နွံမနစ်ဘူးဆိုသကဲ့သို့ပင် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သည်။ ရွှမ်ထျန်းဟွာကို မြင်လိုက်ရ၍ ဖုန်းယွိဟန်ရင်ထဲမှ သောကမီးလည်း ငြိမ်းသွားတော့သည်။

" မပြေးနဲ့လေ ချောလဲမယ် " သူ့ထံသို့ပြေးလာနေသော ပုံရိပ်လေးကြောင့် ရွှမ်ထျန်းဟွာ လှမ်းအော်လိုက်မိသည်။ လမ်းကချော်နေတာဖြစ်၍ ပြေးနေပါက လဲသွားမည်စိုးသဖြင့် သူလည်း သုတ်ခြေတင်လိုက်ရသည်။ သို့သော်လည်း နှင်းပြိုလာချိန်တွင် ခြေကျင်း၀တ်က ထိခိုက်သွားခဲ့သဖြင့် ထင်သလောက် အလုပ်မဖြစ်ပါ ။

" အစ်ကိုတော်ခုနစ် ! " ရွှမ်ထျန်းဟွာ၏ရှေ့သို့ရောက်ချိန်တွင် ဖုန်းယွိဟန်မှာ ဟောဟဲလိုက်နေပြီဖြစ်သည်။ သူမ၏ပါးလေးနှစ်ဖက်မှာ နှစ်သစ်ကူးပုံလေးများထဲမှ အရုပ်လေးပမာ နီရဲနေလေပြီ ။

ရွှမ်ထျန်းဟွာ ကိုယ်တိုင်ပင်မသိလိုက်ပါဘဲ သူမလေး၏ နဖူးပေါ်သို့ကျနေသော ဆံပင်များကို သပ်တင်ပေးလိုက်မိသည်။ သူမ၏ ပါးလေးများကို ဆွဲပစ်ကြည့်လိုက်ချင်သော်လည်း ဆန့်ထားမိသောလက်ကို ပြန်ရုတ်လိုက်သည်။

" ကိုယ်တော် အဆင်ပြေပါတယ် " ဟု ရင်းနှီးလွန်းသည်လည်းမဟုတ် သူစိမ်းဆန်လွန်းသည်လည်းမဟုတ်သော ခပ်တိုးတိုးအသံဖြင့် ရွှမ်ထျန်းဟွာ ပြောလိုက်သည်။

သို့သော်လည်း ထိုသို့သောအသံက ဖုန်းယွိဟန်ကို စိုးရိမ်သွားစေသဖြင့် ရွှမ်ထျန်းဟွာ၏ ၀တ်ရုံလက်ကိုဆွဲ၍ စိုးရိမ်တကြီး မေးလိုက်မိသည်။ " အစ်ကိုတော်ခုနစ် ထိခိုက်ထားတာလား ၊ ဘယ်နားကို ထိခိုက်သွားတာလဲ " မေးနေရင်းဖြင့် ရွှမ်ထျန်းဟွာ၏ ခေါင်းကိုလည်း လှမ်းစမ်းလိုက်သေးသည်။ " အားဟန်ကဘယ်သူလဲဆိုတာရော သိသေးရဲ့လား ၊ အားဟန်လေ ! ဘာလို့ အားဟန်ကို ဒီလိုကြီးပြောနေတာလဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now