၁၃၆။ ရဲတင်းလွန်းသော တောင်းဆိုမှု

2.9K 362 5
                                    

ဖုန်းချန်းယွီက တောင့်မခံနိုင်တော့ဘဲ မြေကြီးပေါ်သို့ ပစ်လဲကျသွားတော့သည် ။

သခင်မကြီးနှင့် ဖုန်းကျင်းယွမ်က အလွန်ကြောက်လန့်သွားပြီး တစ်ဖက်စီမှ ပြေးထူကြလေသည် ။ " ချန်းယွီ ! ချန်းယွီ ! "

သို့သော်လည်း မည်မျှပင် ခေါ်နေပါစေ ဖုန်းချန်းယွီ၏ မျက်လုံးများက မှေးစင်းလို့နေပြီး လုံး၀သတိလစ်သွားခဲ့ပြီဖြစ်သည်။

ဖုန်းကျင်းယွမ်က ဒေါသတကြီး ထအော်သည် ။ " သမားတော်ခေါ်ဖို့ ဘယ်သူသွားတာလဲ ၊ ဘာလို့ အခုထိ တစ်ယောက်မှ ရောက်မလာသေးတာလဲ "

အစေခံတစ်ယောက်က အပြေးရောက်လာပြီး ပြောပြသည် ။ " သခင်ကြီး ၊ သမားတော်က ရောက်နေတာ ကြာပါပြီ ၊ ဒါပေမယ့် အမိန့်တော်တွေက တစ်ခုပြီးတစ်ခု ရောက်လာနေတာနဲ့ မ၀င်လာရဲတဲ့အတွက် အိမ်တော်အပြင်မှာ ရပ်စောင့်နေခဲ့တာပါ ! "

ဖုန်းကျင်းယွမ်က ဒေါသထွက်နေဆဲပင် ။ " ဒါဆိုလည်း မြန်မြန်သွားခေါ်လာခဲ့လေ ! "

" ဟုတ်ကဲ့ပါ ! " အစေခံလေးက အမြန်ပြေးထွက်သွားတော့သည် ။ ခဏအကြာတွင် ဆေးသေတ္တာပိုက်ထားသော သမားတော်တစ်ယောက် ပြန်ပါလာလေသည် ။

ဆက်နေစရာအကြောင်း မရှိတော့ဘူးဟု ထင်သဖြင့် ဖုန်းယွိဟန် ယောင်ရှီအား လက်ဆွဲခေါ်လိုက်ပြီး သခင်မကြီးအား " မမကြီးက အနားယူဖို့ လိုနေတာမို့လို့ အားဟန် ဆက်နေပြီး ဒုက္ခမပေးတော့ပါဘူး " ဟုပြောလိုက်ကာ နှုတ်ဆက်ပြီး ထွက်လာလိုက်တော့သည် ။

သို့ဖြစ်၍ အန်းရှီကလည်း " ဒါဆိုရင် ဒီကိုယ်လုပ်တော်လည်း တတိယသခင်မလေးကိုခေါ်ပြီး ပြန်လိုက်ပါဦးမယ် " ဟုဆိုသည် ။

သခင်မကြီးကလည်း သူတို့အား အရေးမလုပ်ချင်တော့သဖြင့် " အားလုံး ပြန်ကြတော့ ! " ဟုပြန်ပြောသည် ။

အန်းရှီကလည်း ရှန်းရုန်အား လက်ဆွဲခေါ်ကာ  ထွက်သွားတော့သည် ။

ဖုန်းရှန်းရုန်က ဖုန်းယွိဟန်၏နောက်သို့ အမီလိုက်ကာ " ဒုတိယအစ်မ တစ်ညလုံး ပြန်မလာတာဆိုတော့ ဘာမှတော့မဖြစ်ခဲ့ဘူးမလား ဟုတ်တယ်မလား " ဟူ၍ လိုက်မေးလေသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now