၆၅။ ကြင်ယာတော်ယွင်၏ မေးခွန်းသုံးခုနှင့် ဖုန်းယွိဟန်၏ အဖြေသုံးခု

3.8K 415 12
                                    

ဖုန်းယွိဟန်သည် ခေါင်းပေါက်ထွက်သွားသလို ခံစားလိုက်ရသည်။ မင်းသားခုနစ်ဆိုတာ ဘယ်သူကြီးလဲဟ ။

သူမ အရှေ့ရှိ အစေခံလေးကို ပြန်ကြည့်လိုက်သည့်အခါ နန်းတွင်း အခေါ်အဝေါ်များအရ ထိုမိန်းကလေးသည် နန်းတွင်း အပျိုတော်ဖြစ်လောက်သည် ၊ ဟုတ်တယ်မလား ။ ဖုန်းအိမ်တော်ရှိ အစေခံများထက် ပ်ို၍ နည်းစနစ်ကျကာ အဆင့်အတန်းမြင့်နေသည့်ပုံပေါက်နေသည်မှာ မထူးဆန်းတော့။

အပျိုတော်လေးသည်လည်း ဖုန်းယွိဟန် ဘာတွေးနေသည်ကို နားလည်သည့်နှယ် ပြုံးပြကာ မင်းသားခုနစ်၏ အကြောင်းများအား ရှင်းပြလာသည်။ " အရှင်မင်းသားခုနစ်ရဲ့ မွေးမိခင်က ကြင်ယာတော်ကျောက်ပါ။ ၀မ်းနည်းစွာနဲ့ပဲ မီးဖွားနေစဥ်အတွင်းမှာပဲ သွေးထွက်လွန်ပြီး ကွယ်လွန်သွားတဲ့အတွက် ကြင်ယာတော်ယွင်က မင်းသားခုနစ်ကို ဆောင်းလ၀န်းနန်းဆောင်ကို ခေါ်လာပြီး မွေးစားခဲ့တာပါ။ မင်းသားခုနစ် အသက်ပြည့်တဲ့ အခါမှသာ နန်းတွင်းထဲကထွက်ပြီး နန်းပြင်မှာ နေနေခဲ့တာပါ။ "

ဖုန်းယွိဟန် ခေါင်းညိတ်ပြလိုက်သည်။ ရှင်းရှင်းပြောရရင် မင်းသားခုနစ်နှင့် ရွှမ်ထျန်းမင်တို့ နှစ်ဦးစလုံးသည် ကြင်ယာတော်ယွင်၏ သားများဖြစ်ကြပြီး တစ်ဦးသည် ကိုးလလွယ် ဆယ်လဖွား သားအရင်းဖြစ်ကာ တစ်ဦးကတော့ သားအရင်းသဖွယ် စောင့်ရှောက်လာသော မွေးစားသားဖြစ်လေသည်။

" ဘယ်အချိန်ကတည်းက နန်းတွင်းထဲကို ရောက်နေတာလဲ ? " ဟုမေးရင်း ထကာ ပြတင်းတံခါးကိုဖွင့်၍ အပြင်သို့ ကြည့်လိုက်သည့်အခါ မိုးချုပ်နေပြီဖြစ်ကြောင်း ဖုန်းယွိဟန် တွေ့လိုက်ရသည်။ " အတူပါလာတဲ့သူရော နန်းတွင်းထဲကို လိုက်လာတာလား။ " ဟုထပ်မေးမိသည်။ ဖုန်းယွိဟန်မှာ ဟူးအန်းချွမ်ကိုစိုးရိမ်နေတာဖြစ်သလို ရွှမ်ထျန်းမင်ရော သူမ နန်းတွင်းထဲရောက်နေသည်ကို သိရဲ့လားဟူ၍ စိုးရိမ်နေမ်ိတာဖြစ်သည်။ သို့ဖြစ်၍ ထပ်မံ၍ မေးမိသည်က " မင်းသားယွီကရော ဘယ်မှာလဲ။ " ဟူ၍ပင်။

အပျ်ိုတော်လေးက စိတ်ရှည်စွာ တစ်ခုချင်းကို ပြန်ဖြေပေးသည်။ " မိန်းကလေးကို နေ့လယ်တုန်းက နန်းတွင်းထဲကို ခေါ်လာခဲ့တာပါ။ မင်းသားခုနစ်က ဟူးအန်းချွမ်ကိုရော မြင်းလှည်းသမားကိုပါ ခေါ်လာခဲ့ပါတယ်။ မင်းသားယွီကလည်း မိန်းကလေးကို လာကြည့်သွားပါသေးတယ်။ ဒီအစေခံကို မိန်းကလေးနိုးလာရင် ပြောပေးဖ်ို့ သတင်းစကားလည်း ချန်သွားခဲ့ပါတယ်။ အပြင်က ကိစ္စတွေကို သူဖြေရှင်းပေးမှာမို့လို့ မိန်းကလေး စိတ်ချလက်ချနေလို့ရပါတယ်တဲ့။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now