၂၀။ အဖေက တကယ့်ကို ချစ်တတ်တဲ့သူပဲ

3.7K 366 0
                                    

ဖုန်းဇီရွေ့သည် နားမလည်နိုင်ဖြစ်ကာ မပျော်မရွှင်ဖြင့် " ဘာလို့လဲ " ဟုမေးလာသည်။

ယောင်ရှီက သူ့အား " ဘာလို့လဲဆိုတော့ ဒီအိမ်တော်ထဲမှာ သားတို့နှစ်ယောက်မှာ ချန်ရှီဆိုတဲ့ အမေ တစ်ယောက်ပဲရှိရမှာမို့လို့ပေါ့။ သားတို့နှစ်ယောက်မှ မဟုတ်ဘူး။ အိမ်တော်က ကလေးအားလုံးမှာလည်း ချန်ရှိီဆိုတဲ့ အမေတစ်ယောက်ပဲရှိရမှာမို့လို့။ " ဟုပြန်ရှင်းပြလိုက်ရသည်။

ဖုန်းဇီရွေ့ နားမလည်သေးသော်ငြား အထွန့်တက်ပြီး ထပ်မမေးတော့ဘဲ ခေါင်းငုံ့ထားကာ ပါးဖောင်း၍ နှုတ်ခမ်းစူလို့ထားသည်။

ယောင်ရှီက ဖုန်းယွိဟန်ဘက်ကို တဖန်လှည့်ကာ ချော့ပြောပြန်သည်။ " အားဟန်၊ သမီးက အစ်မကြီးလေ။ အမေတို့မှာ မပြင်ချင်ပေမယ့်လည်း ပြင်ကိုပြင်ရမယ့်အရာတွေရှိတယ်လေ။ အနည်းဆုံးတော့ အပြင်လူတွေရှေ့မှာတော့ ကိုယ်လုပ်တော်အမေလို့ ခေါ်ကြပေါ့ ၊ နော် ။ "

ဖုန်းယွိဟန် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ယောင်ရှီ ထိုသို့တွေးနိုင်လာခြင်းကပင် သိသာတဲ့ ​တိုးတက်လာမှုပင်။ သူမအား ချက်ချင်းကြီး ပြောင်းလဲပစ်နိုင်ရန် ထပ်၍လည်း မတောင်းဆိုရက်ပေ။

" ဇီရွေ့ " ဖုန်းယွိဟန် ကောင်လေး၏ ခေါင်းအားပုတ်လိုက်ပြီး " မမတို့မှာ အမေက အမြဲတစ်ယောက်ပဲရှိမှာ။ ဒါပေမယ့် အပြင်မှာဆိုရင်တော့ နည်းနည်းတော့ ဟန်ဆောင်ကြရလိမ့်မယ်။ အဲ့ဒါပါပဲ။ လောလောဆယ်တော့ အဲ့မိန်းမကြီးကို အမေလို့ ခေါ်ကြတာပေါ့။ သိပ်မကြာခင်မှာပဲ မမတို့ ဒီလိုဆက်ဆံခံရမယ့်နေ့တွေ ကုန်ဆုံးတော့မှာပါ။ " ဟုပြောလိုက်သည်။

ဖုန်းဇီရွေ့သည် သူ့အစ်မ၏ ပြောစကားများကို နားထောင်ရသည်အား ပိုပိုပြီး သဘောကျလာသည်။ အထူးသဖြင့် ရွာမှထွက်လာပြီးနောက်တွင် ဖြစ်သည်။ မမသည် အရင်နှင့် ယှဥ်ပါက လုံး၀အခြားသူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ ကလေးငယ်လေးသည် စကားလုံးများဖြင့် မည့်သို့မည်ပုံ ဖော်ပြရသည်ကို သေချာမသိသေးသော်ငြား သူ၏ အစ်မဖြစ်သူသည် ပို၍ ကြောက်ဖို့ကောင်းလာသည်ဟု ထင်နေမိကာ ပို၍ပင် လေးစားအားကျနေလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now