၈၉။ ယောက်ျားတစ်ယောက်နှင့် လျှို့၀ှက်တွေ့ဆုံခြင်း

3.4K 410 12
                                    

မင်းသမ်ီးကြီးတင်းအန်းမှာ ဘာများပြောနိုင်တော့မှာလဲ။ ဖုန်းယွိဟန် ပြောသွားသလိုပင် ချင်လဲ့၌ ဖုန်းကျင်းယွမ်နှင့် ငြင်းခုန်နိုင်သည့် အခွင့်အရေးမရှိပါ။ ဖုန်းယွိဟန်မှ ဖုန်းကျင်းယွမ်အား စကား၀ိုင်းထဲသို့ ဆွဲထည့်လာသဖြင့် သူမတို့သည်လည်း ဆက်၍ ခေါင်းမာနေ၍ မဖြစ်တော့ပါ။

ထို့ကြောင့် မင်းသမီးကြီးတင်းအန်းသည် စကားကိုပြောင်းလိုက်ရတော့သည်။ " ဒါဆိုလည်း ပထမသခင်မလေးဖုန်းပဲ တီးခတ်ပေးပါ ! "

သူမ သည်နေရာမှ အမြန်ထွက်မသွားနိုင်သည်ကို ဖုန်းချန်းယွီ မုန်းမိသည်။ သူမက ဖုန်းမိသားစုမှ တရား၀င်သမီးဖြစ်နေပါလျက် ဘာလို့များ ဤကဲ့သို့ အရှက်ခွဲတာကို ခံနေရမှာတဲ့လဲ။

သို့သော်လည်း ဖုန်းချန်းယွီသည် သူမ အရှက်တကွဲဖြစ်ရသည်ကို တင်းအန်းနန်းတော်ကြောင့်ဟု မထင်ဘဲ ဖုန်းယွိဟန်ကြောင့်သာ ဖြစ်ရသည်ဟု တွေးနေလေသည်။

ဖုန်းယွိဟန်အား စိမ်းစိမ်း၀ါး၀ါးကြည့်ကာ ဖုန်းချန်းယွီသည် ထရပ်၍ ခုနစ်ကြိုးတပ် ဗျတ်စောင်းအား ထားထားသည့်နေရာသို့ မကျေမနပ်ဖြင့် လျှောက်သွားကာ တီးခတ်ရတော့သည်။ ဗျတ်စောင်းသံသည် သာယာစွာ ထွက်ပေါ်လာ၏။ ဖုန်းချန်းယွ်ီသည် ခမ်းနားကြီးကျယ်လှသည့် ပွဲတော်ကြီးတစ်ခုတွင် သူမ၏ ဗျတ်စောင်းတီးခတ်သည့် စွမ်းရည်အား ချပြရန် လေ့ကျင့်ခဲ့တာဖြစ်သော်ငြား ယခုတွင်ကား ကချေသည်အစေခံတစ်စုနှင့် အရေးမပါသည့် သခင်မများ ၊ သခင်မလေးများကို တီးခတ်ပြနေရ၍ ၀မ်းနည်းနေတော့သည်။

ဖုန်းယွိဟန်ကတော့ ဖုန်းချန်းယွီ ၀မ်းနည်းနေလည်း ဂရုမစိုက်ပါ။ သူမပြုထားသည့် မကောင်းမှုကို သူမ ပြန်ခံစားရတာပဲ မဟုတ်ဘူးလား။

ဖုန်းချန်းယွီ၏ ဗျတ်စောင်းတီးခတ်သည့် စွမ်းရည်မှာ ကောင်းမွန်လှသည် ၊ အလွန် ပြောင်မြောက်လှပေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ဖုန်းမိသားစုသည် ဖုန်းချန်းယွီ၏ အခြားသော စွမ်းရည်များအား တိုးတက်အောင် စွမ်းဆောင်မပေးခဲ့သော်လည်း ဗျတ်စောင်းတီးခတ်ခြင်းကတော့ ကွဲပြားပေသည်။ ဖုန်းချန်းယွီသည် တကယ့်ကို တော်ပေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now