၁၀၅။ ဂုဏ်ပြုပါတယ် အဖေ

3.1K 374 4
                                    

ထိုနေ့ညတွင် ပုံမှန်အတိုင်းပင် ဖုန်းကျင်းယွမ်သည် ရူယိခြံ၀င်း၌ အချိန်ကုန်ဆုံးလေသည်။ သို့သော်လည်း ကျင်းကျန့်က ယခင်ကလို သူ့အား ပြုစုရန် တက်တက်ကြွကြွရှိမနေဘဲ ၀ိညာဥ်ပျောက်နေသူ တစ်ယောက်နှယ် ဖြစ်နေလေသည်။

ဖုန်းကျင်းယွမ်လည်း ထူးဆန်းနေသည်ဟုထင်သဖြင့် မေးလိုက်မိသည်။ " မင်း နေမကောင်းဘူးလား "

ကျင်းကျန့်က သက်ပြင်းချလိုက်ကာ ပြန်ဖြေသည်။ " ကျွန်မလည်း ဘာဖြစ်နေမှန်း မသိတော့ပါဘူး သခင်ကြီးရယ် ၊ အမြဲလိုလို နုံးနေပြီး ခံတွင်းလည်းပျက်နေတာ ၊ ခေါင်းတွေလည်းနောက်ပြီး ခဏခဏလည်း ပျို့ပျို့တက်နေသေးတယ် "

ဖုန်းကျင်းယွမ်သည် မျက်လုံးများ အရောင်တောက်လာတော့သည်။ " ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ "

ကျင်းကျန့်က တွေးတောနေဟန်ဖြင့် " လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက စဖြစ်တာပါ ၊ ဒါပေမယ့် အခုတလောတော့ ပိုပြီးပြင်းထန်လာသလိုပါပဲ " ဟု ပြန်ဖြေသည်။

ထိုသို့ကြားသောအခါ ဖုန်းကျင်းယွမ်က ပြုံးသွားပြီး ကျင်းကျန့်ကို စိုက်ကြည်နေရင်း တစ်ဟားဟားအော်ရယ်လိုက်လေသည်။ " ဖုန်းမိသားစုကတော့  မိသားစု၀င် အသစ်တိုးလာတော့မှာပဲ ! "

ကျင်းကျန့်က အံ့သြသွားကာ ပျော်ရွှင်သွားသည့်ဟန် သရုပ်ဆောင်လိုက်လေ၏ ။ " သခင်ကြီး ပြောချင်တာက ... " ဟုဆိုကာ သူမ၏ ဗိုက်ကိုကိုင်လိုက်ပြီး " ကျွန်မမှာ ... ကိုယ်၀န်ရှိနေတယ်လို့လား " ဟူ၍ ဟန်ဆောင်ကာ  ပြန်မေးလေသည်။

" ဖြစ်နိုင်တယ် " ဖုန်းကျင်းယွမ် သူ့အရည်အချင်းကို သူယုံသည်။ ကျင်းကျန့်က ငယ်သေးသည့်အပြင် သူကလည်း ညတိုင်းနီးပါး သူမနှင့်သာ အချိန်ကုန်ဆုံးခဲ့တာဖြစ်၍ ကိုယ်၀န်ရဖို့က ဘယ်လိုများ ခက်ခဲနိုင်မှာတဲ့လဲ ။ " မနက်ဖြန်ကြရင် သမားတော်ခေါ်ပြီး စစ်ဆေးကြည့်ခိုင်းမှာမို့လို့ အမေ့ကို မနက်ခင်း ဂါရ၀ပြုဖို့ သွားမနေနဲ့တော့ ၊ အမေလည်း စိတ်ဆိုးမှာ မဟုတ်ပါဘူး "

ကျင်းကျန့် စဥ်းစားနေဟန်ဖြင့် ပြန်မေးလိုက်သည်။ " သမားတော်က မနက်ခင်းမှ ခေါ်လို့ရမှာလားဟင် ၊ သခင်ကြီးရဲ့ သွေးသားကို တကယ်ပဲ လွယ်ထားရတာ ဟုတ်ရဲ့လားဆိုတာကို ဒီကိုယ်လုပ်တော်က အရမ်းပဲ သိချင်နေပြီမို့လို့ မစောင့်ချင်တော့ပါဘူး " ကျင်းကျန့်သည် သူမ၏ ချွဲနွဲ့ခြင်းစွမ်းရည်ကို ထုတ်သုံးတော့လေသည်။ " ဒီညပဲ သမားတော်ခေါ်လိုက်ရင်ရော မကောင်းဘူးလားဟင် "

ပဏာမ ဇနီးသည်ဖွား သမီးပျိုNơi câu chuyện tồn tại. Hãy khám phá bây giờ