၁၂၈။ မင်္ဂလာပွဲ ချီးမြှင့်ပေးခြင်း

3.4K 397 10
                                    

ချင်လဲ့ သူမ၏အပြုအမူကို နောင်တရသွားမိသည် ။ ပွဲတော်သည် ကမောက်ကမ ဖြစ်နေသဖြင့် တစ်ယောက်မှသာ အစမဖော်လိုက်ပါက ဧကရာဇ်ကြီးသည် ထိုကိစ္စအား သတိရသွားမည် မဟုတ်ပါ ။ ဖြစ်ချင်တော့ ဧကရာဇ်ကြီးအား သတိပေးလိုက်သူမှာ သူမကိုယ်တိုင် ဖြစ်နေလေ၏ ။

" သမီးတော်ချင်လဲ့ " ဧကရာဇ်ကြီးက လှမ်းခေါ်သည် ။ ထိုအသံကြောင့် ချင်လဲ့မှာ အသက်ပင် မရှူရဲတော့သလိုဖြစ်သွားကာ တင်းအန်းအရှင်သည်လည်း ခေါင်းတစ်ခါခါ ဖြစ်သွားလေသည်။

ချင်လဲ့က အသက်အောင့်ထားလျှင်တောင် ဘာမှထူးမလာပါ ၊ တော်၀င်အမိန့်အား ဆန့်ကျင်ရန် ခက်ခဲပေသည်။ ရွှမ်ထျန်းမင် လုပ်သကဲ့သို့ လုပ်ရဲသောသတ္တိ သူမတို့ထံတွင်မရှိပါ ။

ချင်လဲ့ ကူကယ်ရာမဲ့စွာ ထရပ်လိုက်ပြီး ရှေ့သို့ထွက်ကာ ဒူးထောက်လိုက်ရသည် ။ " ချင်လဲ့ အရှင်မင်းကြိိီးကို နှုတ်ခွန်းဆက်လို့ ဂါ၀ရပြုပါတယ် "

အောက်တွင် ဒူးထောက်နေသော သမီးတော်ဆိုသည့် တစ်ယောက်က်ိုကြည့်ကာ ဧကရာဇ်ကြီး နှာခေါင်းရှုံ့လိုက်မိသည် ။ ထိုအချိန်တုန်းက တင်းအန်းနန်းတော်တွင် သူ ရှိမနေခဲ့သော်လည်း ဘာတွေဖြစ်ခဲ့သည်ကို  အနည်းနှင့်အများတော့ မှန်းနိုင်ပေသည်။ ချင်လဲ့က သူအချစ်ရဆုံးသား၏ မိန်းကလေးအား ထောက်ချောက်ဆင်ခဲ့တာဖြစ်သော်လည်း အဆုံးတွင် ထိုမိန်းကလေးထံမှ လှည့်စားခြင်းကိုသာ ခံံလိုက်ရကာ ၀ဋ်လည်သွားခဲ့လေသည် ။

ချင်လဲ့အတွက် လက်ထပ်ပွဲချီးမြှင့်ပေးရမည်ကို သူ သေချာပေါက် သိထားပေသည်။ " မယ်မင်းနဲ့ မေတ္တာမျှနေတဲ့သူရော ပါလာခဲ့သေးလား " ဧကရီက ထိုလူအား အထူးဖိတ်ကြားထားသည်ကိုလည်း သူ သိသည် ။

ထိုအချိန်တွင် အမျိုးသားဧည့်သည်များ ရှိရာဘက်မှ အသံထွက်လာတော့သည်။ " ဒီအစေခံ ရှိပါတယ် ! " ထိုလူကလည်း ရှေ့ထွက်လာပြီး ချင်လဲ့၏ဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး " ဒီအစေခံက အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ် " ဟုလျှောက်တင်လေသည်။

ချင်လဲ့ ဘေးတွင်ရှိနေသူအား မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်မိသော်လည်း ဘာမှတော့ ထုတ်မပြောဖြစ်ပေ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now