၄၄။ အယုတ်မာဆုံးက နင်ပဲ

3.6K 388 7
                                    

အစေခံများက နာခံကာ ချက်ချင်းပြေးထွက်သွားကြသည်။ ဖုန်းကျင်းယွမ်သည်လည်း အစေခံများ ယူပေးသည့် ၀တ်စုံအသစ်ကို ယူထားပြီးပြီဖြစ်သည်။ တွဲထားပေးသည့် ဟန်ရှီအား ထားခဲ့ကာ ခန်းဆီးနောက်သ်ို့ ၀င်သွားပြီး အ၀တ်များလဲတော့သည်။ ဖုန်းယွိဟန်လည်း သခင်မကြီးအား တွဲထားပေးလိုက်ကာ " ဖွားဖွား ၊ ထိုင်ပါဦး။ " ဟုဆိုလိုက်ပြီး အစေခံများအား " ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်လိုက်ကြဦး။ " ဟုစေခိုင်းလိုက်သည်။

ဖုန်းကျင်းယွမ် အ၀တ်လဲပြီး၍ ထွက်လာသည့်အခါတွင်တော့ စာကြည့်ဆောင်မှာ အတိုင်းအတာတစ်ခုအထိ သန့်ရှင်းနေပြီဖြစ်သည်။ ကျင်းကျန့်သည်ပင် အ၀တ်များအား သေချာပြန်၀တ်ထားပြီးနေပြီး ဖြစ်လေသည်။

ဒါပေမယ့် ဖုန်းယွိဟန်၏ ဘေးတွင် ရှိနေခဲ့သည့် ၀မ်ချူးအန်းသည် အချိန်တစ်ခုလောက်တည်းက မရှိတော့သည်ကိုတော့ သတိထားမိသည့်သူ တစ်ဦးမှမရှိကြပေ။ ဖုန်းယွိဟန်၏ ဘေး၌ ချင်းယွီတစ်ဦးတည်းသာ ကျန်ခဲ့တာဖြစ်သည်။

သိပ်မကြာပါ။ ဧည့်ခြံ၀င်းသို့ ထွက်သွားကြသည့် အစေခံနှစ်ဦးမှာ ဆေးကျိုသည့်အိုးတစ်အိုးနှင့်အတူ ပြန်ရောက်လာသည်။ သို့သော်ငြား သမားတော်ရွှီနှင့် ဆေးပို့ပေးသည့် အစေခံလေးကိုတော့ ဘယ်မှာမှ ရှာ၍ မတွေ့ခဲ့ပေ။

ဖုန်းကျင်းယွမ် မျက်မှောင်ကြုံ့ရင်း " လူကို ခေါ်ခဲ့ခိုင်းတာလေ။ လူကရော ဘယ်မှာလဲ ။ " ဟုမေးမိသည်။

" သခင်ကြီး ၊ သမားတော်ရွှီနဲ့ သူ့အစေခံက အိမ်တော်ထဲမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့ သွားတော့ မြေပေါ်ကို ပစ်ချထားတဲ့ ဒီဆေးကျိုအိုးကိုပဲတွေ့ခဲ့ရတာပါ။ ဧည့်ခြံ၀င်းထဲမှာ အ၀တ်လျှော်နေတဲ့ အထိန်းတော်တစ်ယောက်ကိုတွေ့လို့ သူမကိုပါ ခေါ်လာခဲ့ပါတယ်။ "

သခင်မကြီးသည် မျက်နှာသေဖြင့် " အထဲကို ခေါ်ခဲ့လိုက်။ " ဟုဆိုလေသည်။

အစေခံနှစ်ဦးလည်း အထိန်းတော်အား အထဲသို့ ခေါ်လာပေးလိုက်သည်။ ထိုအထိန်းတော်မှာ အခန်းထဲ၌ သခင်များစွာရှိနေသည်ကို တွေ့လိုက်ရ၍ ကြောက်သွားကာ ဒူးထောက်ချလိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now