၆၇။ ဘေးဒုက္ခကြယ်ဆိုတာ မရှိဘူး ၊ ဖုန်းအိမ်တော်ကသာ ဘေးဒုက္ခကို ဖိတ်ခေါ်နေတာ

3.9K 423 6
                                    

ရွှမ်ထျန်းမင်သည် ဖိနပ်အား ငုံ့၍ပင် မကြည့်ဘဲ ဖုန်းဖန်းသိုက်ကိုသာ အကြာကြီး စိုက်ကြည့်လို့နေလေသည်။

ဖန်းသိုက်သည် နဂိုကတည်းက ရွှမ်ထျန်းမင်အား ကြိတ်၍သဘောကျနေတာဖြစ်၍ ထိုကဲ့သ်ို့ စိုက်ကြည့်ခံနေရသည့်အခါ မျက်နှာမှာ ရဲလာကာ ခေါင်းငုံ့လိုက်ရင်း ဂါ၀န်စအား ချေမွကာ ရှက်သွားလေသည်။

ရွှမ်ထျန်းမင်ကတော့ တကယ်ကို ဝေခွဲမရဖြစ်နေသည့်ဟန်ဖြင့် ဖုန်းယွိဟန်အား မေးလေသည်။ " သူက ဘယ်သူလဲ။ "

ဖုန်းယွိဟန်လည်း " ဖုန်းအိမ်တော်က စတုတ္ထသခင်မလေး ။ " ဟုပြန်ဖြေပေးလိုက်ရသည်။

" ဪ " ဟုဆိုရင်း ရွှမ်ထျန်းမင်သည် လက်ထဲရှိ ကြာပွတ်အား ဆုပ်ကိုင်လိုက်လေသည်။

ဖုန်းကျင်းယွမ်သည် ရွှမ်ထျန်းမင်၏ အကျင့်စရိုက်အား ကောင်းကောင်းကြီး နားလည်နေ၍ လန့်သွားကာ ဖုန်းဖန်းသိုက်အား ဆူပူကာ ပြန်ခေါ်လေသည်။ " ပြန်လာခဲ့စမ်း ! အရှင့်သားရှေ့မှာ ဘယ်သူက စကားပြောခွင့်ပေးထားလို့လဲ ! "

ဖန်းသိုက်ကတော့ နားမထောင်ပါ။ " ဒါပေမယ့် ဒါက ဒုတိယအစ်မရဲ့ ဖိနပ်ဆ်ိုတာ သေချာတယ်လေ ..." ဟူ၍ ပြောရင်းဖြင့် ဖုန်းယွိဟန်၏ ခြေထောက်များအား လှမ်းကြည့်လိုက်သော်လည်း သူမ မြင်ရသည်က ဂါ၀န်ရှည်ကြီး၏ အောက်နားစများကိုသာ ဖြစ်လေသည်။

ဘယ်က ဘယ်လိုသတ္တိများ ရလာသည်မသိ ဖုန်းဖန်းသိုက်သည် ဖုန်းယွိဟန်၏ ဂါ၀န်စအား ဆွဲလှန်ကာ ကြည့်လေသည်။ သို့သော် သူမ တွေ့လိုက်ရသည်က သူမလက်ထဲရှိ ဖိနပ်နှင့် ခွဲမရအောင်တူသည့် အကောင်းတိုင်းရှိနေသည့် ဖိနပ်တစ်စုံကို စီးထားသည့် ဖုန်းယွိဟန်ကို ဖြစ်လေသည်။

ဖုန်းဖန်းသိုက်သည် မယုံနိုင်ကာ နေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေလေသည်။ ရုတ်တရက် သူမ၏ လက်ကောက်၀တ်သည် တင်းကျပ်သွားကာ တစ်ခုခုလာရောက် ရစ်ပတ်သလို ခံစားလိုက်ရ၍ ငုံ့ကြည့်လိုက်သည့်အခါ ရွှမ်ထျန်းမင်က သူမ၏ လက်ကောက်၀တ်အား ဆုပ်ကိုင်လိုက်တာဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဖန်းသိုက်မှာ ရင်ခုန်သွားကာ လက်ကောက်၀တ်ရှိ အနွေးဓာတ်အား သေချာလေး ခံစားနေလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now