၁၄၄။ ဆူပူသောင်းကျန်းသူတွေ ရောက်နေကြပါတယ်

2.7K 330 11
                                    

သခင်မကြီးမှာ ထိုင်နေရာမှ ရုတ်တရက် ပြုတ်ကျသွားသဖြင့် ခါးနာသွားတော့သည် ။

" ဘယ်သူ့ကို တွေ့လိုက်တယ်လို့ ပြောလိုက်တာလဲ "

ဖုန်းချန်းယွီက တုန်တုန်ယင်ယင် ပြန်ဖြေသည်။ " အမေနဲ့ ဖိုးဖ်ိုးကိုပါ " ပြောပြီးနောက်တွင်လည်း အခန်းတွင်းသို့ ကြောက်နေဟန်ဖြင့် လှည့်ပတ်ကြည့်နေလေ၏။ " ဖိုးဖိုးကပြောတယ် ၊ သူက ချန်းယွီကို လွမ်းနေတာတဲ့ ၊ တစ်မိသားစုလုံးကိုလည်း လွမ်းတယ်တဲ့ ၊ အမေကကြ သူမက မတရားသေခဲ့ရပြီးတော့ ဇာတ်ိအိမ်မှာ တစ်ယောက်တည်း အထီးကျန်ပြီး နေနေရတယ်တဲ့ " ဖုန်းချန်းယွီက ​ပြောနေရင်းဖြင့် ငိုလာတော့သည်။ " ဖိုးဖိုးကလည်း အများကြီး ပြောင်းလဲသွားပါတယ် ၊ ချန်းယွီ ဖိုးဖိုးကို အရမ်းလွမ်းတာပဲ ၊ ၀ူးးး ..."

ဖုန်းချန်းယွီက အော်ကြီးဟစ်ကျယ် အော်ငိုနေသဖြင့် ကြောက်နေခဲ့သော သခင်မကြီးက သနားစိတ်များ ၀င်လာတော့သည်။

သခင်ကြီးဖုန်း ကွယ်လွန်သွားသည်မှာ ဆယ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ထိုအချိန်တုန်းက ဖုန်းချန်းယွီသည် လေးနှစ်ခန့်ရှိနေပြီဖြစ်၍ အနည်းကျဥ်းကို မှတ်မနေခြင်း ဖြစ်လောက်ပေသည် ။

သခင်မကြီးက သက်ပြင်း တစ်ဖွဖွချနေစဥ်တွင် ယောင်ရှီ ၊ အန်းရှီနှင့် ကျင်းကျန့်တို့လည်း ရောက်လာကြတော့သည် ။ ဟန်ရှီက ရောက်လာသည်နှင့် " အောင်မလေး ပထမသခင်မလေးရယ် ဘယ်လိုတွေဖြစ်နေရတာလဲ " ဟူ၍ ထအော်လေသည် ။

အားလုံး ကြက်သီးထသွားမိသည် ။ ဖုန်းဖန်းသိုက် အိမ်တော်မှ ထွက်သွားကတည်းက ဟန်ရှီသည် အတော်လေး ပြောင်းလဲသွားခဲ့လေသည်။ တဖြည်းဖြည်းချင်း ချန်ရှီကဲ့သို့ ဖြစ်လာနေတော့သည် ။

ယနေ့တွင် ဖုန်းချန်းယွီက ကျန်လူများနှင့် ပြိုင်ငြင်းရန် စိတ်ကူးမရှိဘဲ သရုပ်ဆောင်ခြင်းတွင်သာ အာရုံစိုက်ထားလေသည်။ သို့ဖြစ်၍ ဟန်ရှီကဲ့သို့ အကဲပိုပြသူရှိလာသောအခါတွင် ပျော်သွားပြီး အတူသရုပ်ဆောင်ပြလိုက်တော့သည်။ " ချန်းယွီ ဖိုးဖိုးကိုတွေ့လိုက်တယ် ! အမေ့ကိုလည်း တွေ့လိုက်တယ် ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now