၁၆၉။ ရှန့်ကျူကို ဖျော်ဖြေပေးမလို့

2.3K 269 8
                                    

သခင်မကြီးမှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ တော်၀င်အမိန့်တော်ရောက်လာတိုင်း ရလဒ်များက ငလျင်လှုပ်သည့်ပမာ ကြောက်လန့်ဖို့ကောင်းလွန်းလေသည်။ ယခုတစ်ခေါက်တွင်ရော ဘာတွေဖြစ်လာဦးမှာလဲ ။

" အရမ်း မစိုးရိမ်ပါနဲ့ " သခင်မကြီးက အိပ်ရာထဲမှထရန် အတင်းကြိုးစားနေသဖြင့် အထိန်းတော်ကျောက်က အိပ်ရာထဲသို့ ပြန်တွန်းချကာတားသည်။ " အိပ်ရာထဲက စောစောထွက်လေ ပြန်ကောင်းဖို့ကြာလေပဲလို့ သမားတော်က ပြောသွားပါတယ် ၊ သမားတော်တွေမှာထားတဲ့အတိုင်းပဲ နေသင့်ပါတယ် ! "

သခင်မကြီးက နာလွန်းသဖြင့် ထအော်ကာ အထိန်းတော်ကျောက်ပင် ပြန်တွန်းပေးဖို့မလိုတော့ဘဲ ပြန်လဲကျသွားတော့သည်။ သူမ လုပ်နိုင်သည်က အော်နေခြင်းသာဖြစ်သည်။ " တော်၀င်အမိန့်တော်က ဘာအကြောင်းလဲဆိုတာကို မြန်မြန်သွားကြည့်စမ်း ! ငါကိုယ်တိုင် လက်မခံနိုင်ဘူးဆိုတာကို အရှင်မင်းကြီးသိသွားရင် အပြစ်ဖြစ်ကုန်ဦးမယ် "

အထိန်းတော်ကျောက်က ပြန်ဖြေသည်။ " သခင်ကြီးက သခင်မလေးတွေနဲ့ ကိုယ်လုပ်တော်တွေကို ဦးဆောင်ပြီး ထွက်သွားပါပြီ ၊ သခင်မကြီးရဲ့အခြေအနေကို ကုန်းကုန်းကိုလည်း ပြောပြပြီးသွားပြီ ၊ ကုန်းကုန်းကလည်း နားလည်ပေးပြီး သခင်မကြီးကို သက်သာအောင်နေပါလို့ မှာလိုက်ပါသေးတယ် ၊ အရှင်မင်းကြီးက အပြစ်ပေးမှာမဟုတ်ပါဘူး  "

ထိုသို့ကြားမှသာ သခင်မကြီးက စိတ်လျှော့သွားပြီး ပြဿနာမရှာတော့ချေ ။ အိပ်ရာထဲတွင်သာ ငြိမ်ငြိမ်လေးလှဲနေပြီး သတင်းလာပို့မည်ကို စောင့်နေတော့သည်။

တစ်နာရီလောက်ကြာပြီးနောက်တွင် ဖုန်းကျင်းယွမ်က ကျင်းကျန့် ၊ ဟန်ရှီ ၊ အန်းရှီနှင့် ယောင်ရှီကိုခေါ်ကာ ရှုးယခြံ၀င်းသို့ ရောက်လာသည်။

အမိန့်တော်ကိုလက်ခံရမှာဖြစ်သောကြောင့် ယောင်ရှီသည် ထုံရှန်းစံအိမ်မှထွက်ခွင့် ရလာလေသည်။ ယောင်ရှီကိုမြင်သည့်အခါ သခင်မကြီးက မတွေ့ရတာကြာသော ဆွေမျိုးတစ်ယောက်ကို ပြန်တွေ့ရသည့်နှယ် မျက်ရည်များစီးကျလာတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now