၁၈၃။ ပုနင်ရှန်း နင် ပြန်ပေးဆပ်ရမယ့်အလှည့်ပဲ

2K 232 9
                                    

ရွှမ်ထျန်းဟွာအား ထုံရှန်းစံအိမ်အတွင်းမှ ဖုန်းယွိဟန်၏ခြံ၀င်းထဲသို့ ဟူးအန်းချွမ်နှင့် ၀မ်ချုအန်းက ခေါ်လာပေးပြီး ဧည့်ဆောင်ထဲတွင် စောင့်နေစေသည်။ ဖုန်းယွိဟန်ကမူ သစ်သားသေတ္တာလေးကိုယူ၍ သူမ၏ ဆေးပစ္စည်းသိုလှောင်ခန်းထဲသို့ ၀င်သွားလေပြီ ။

ဆေးပင်များကို နေရောင်မထိစေရဘူးဟု ပြောထားသဖြင့် သိုလှောင်ခန်း၏ ခန်းဆီးများက အမြဲတစေ ချထားတာဖြစ်သည်။ တကယ့်တကယ် အရေးအကြီးဆုံးအကြောင်းမှာ ဆေးခန်းထဲသို့ သူမ အလိုရှိသလို ၀င်နိုင်ဖို့ပင်ဖြစ်သည်။ ထုံရှန်းစံအိမ်မှလူများကလည်း သူမ၏အကျင့်ကို သိနေပြီဖြစ်၍ ဆေးပစ္စည်းသိုလှောင်ခန်းထဲသို့ ၀င်သွားသည်နှင့် အရေးပေါ်ကိစ္စမဟုတ်ပါက ဘယ်သူကမှ လာမနှောင့်ယှက်ရဲကြပေ ။ ထိုနည်းအားဖြင့် ဖုန်းယွိဟန် သူမ၏ လျှို့၀ှက်ချက်ကို ထိန်းသိမ်းထားနိုင်နေတာ ဖြစ်ပေသည်။

ဆေးခန်းအတွင်းရှိ ခွဲစိတ်ခန်းထဲတွင် ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာ အစုံအလင်ရှိပေသည်။ သူမအတွက်  ဆေးတပ်သားအရာရှိဖြစ်ခဲ့သည်က အတော်လေးကြာသဖြင့် ရှင်လူကိုကုဖူးသလို သေလူကိုလည်း ခွဲစိတ်ဖူးပေသည်။ သူမက မှုခင်းဆေးဆရာ၀န် မဟုတ်သော်ငြား အလောင်းခွဲစိတ်ခြင်းကို မလုပ်ဖူးတာ မဟုတ်ပါ ။

ကြောင်အလောင်းကို ခေတ်သစ်နည်းများအရ တစ်နာရီနီးပါး ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက်တွင် ဖုန်းယွိဟန် ကောက်ချက်ချလိုက်နိုင်သည်။

လက်ချောင်းက ပြဿနာရှိနေခဲ့တာ အမှန်ပင် ဖြစ်ချေသည် !

မန်ထို့၏ခန္ဓာကိုယ်အရ သူမ ဖြစ်ခဲ့သည်နှင့် တစ်ပုံစံတည်းတူနေသဖြင့် ဖုန်းယွိဟန်မှာ အံ့သြနေမိသည်။

လက်သီးကိုလည်း တင်းတင်းဆုပ်လိုက်မိသည်။ ဖုန်းချန်းယွီနှင့် ဖုန်းဇီဟောင်အား မည်သူက ဆေးပေးခဲ့သည်ကို အသည်းအသန်စဥ်းစားခဲ့ရပြီးနောက် ယခုတွင်မူ သူမ သိသွားခဲ့ပြီဖြစ်သည် ။ ပုနင်ရှန်းသာဆိုပါက မလုပ်ရဲစရာအကြောင်းမရှိပေ ။ သူမ၌ အကြောင်းတရားလည်းရှိသလို ပြစ်မှုကျူးလွန်နိုင်သည့် နောက်ခံလည်းရှိလေသည်။ မန်ထို့သေဆုံးသွားမှုအရ ပုနင်ရှန်းက ဆေးကိုလက်သည်းအောက်တွင်၀ှက်ကာ နန်းတွင်းသို့၀င်လာခဲ့တာ ဖြစ်လောက်ပေသည်။ မတော်တဆသာ မဖြစ်ခဲ့ဘူးဆိုပါက သူမအား ပွဲတော်တွင် သေချာပေါက် အကောက်ကြံခဲ့လောက်ပေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now