၁၅၅။ ဖုန်းချန်းယွီ နင် ပြေးလို့မလွတ်ပါဘူး

2.4K 283 11
                                    

ဖုန်းချန်းယွီနှင့် နေရာချင်းလဲကာ ကျင်းကျန့်က သခင်မကြီးအား ပုခုံးကိုနှိပ်နယ်ပေးနေလေ၏။ ထိုအခါမှသာ သခင်မကြီးက စိတ်တိုင်းကျသွားတော့သည်။

" နောက်ငါးရက်နေရင် တောင်ပေါ်တက်ပြီး ဘိုးဘေးတွေကို သွားကန်တော့ကြမယ် " ယောင်ရှီက နောက်ဆုံးအနေဖြင့် ရောက်လာသည့်အခါတွင် သခင်မကြီးက စကားဆိုလာသည်။ " ပြင်ဆင်ရမယ့်ပစ္စည်းတွေကလည်း အနည်းနဲ့အများ ပြင်ပြီးသွားပြီ ၊ ကျန်နေတာက ညည်းတို့ကလေးတွေပဲ ၊ အဖိုးကို မြေး၀တ္တရားသိတတ်ဖို့ပဲ ကျန်တော့တယ် " ပြောပြီးနောက်တွင် သခင်မကြီး ဖုန်းရှန်းရုန်ကို ကြည့်လိုက်မိသည်။ မနေ့ညတုန်းက ထိုတတိယမြေးမလေးနှင့် အမေဖြစ်သူက ဖုန်းကျင်းယွမ်ကိုဆန့်ကျင်ကာ ယောင်ရှီ့ဘက်တွင် နေခဲ့သဖြင့် သူမ အမြင်မကြည်ဖြစ်နေမိသည်။ သူမအမြင်တွင် ဖုန်းရှန်းရုန်သည် အမြဲတစေ ကြောက်တတ်သည့်ကလေးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူမ သိထားခဲ့သော ကလေးမလေးနှင့်မတူဘဲ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ " ရှန်းရုန် အစေခံတွေရဲ့အခန်းကိုသွားပြီး စက္ကူစအချို့ကို ပြင်ဆင်ထားလိုက် ၊ အမွှေးတိုင်အချောင်းနှစ်ရာကိုပါ ညည်းရဲ့ဖိုးဖိုးအတွက် ကိုယ်တိုင်ပြင်ဆင်ထားလိုက် "

ထိုသို့ကြားသည့်အခါ ဖုန်းရှန်းရုန် မျက်မှောင်ကြုံ့လိုက်မိသည်။ တစ်မနက်လုံး ဖုန်းယွိဟန်က်ို လိုက်ရှာနေခဲ့သဖြင့် သူမမှာ နေ့လယ်စာပင်မစားရသေးပေ ။ ပြီးလျှင်လည်း ဆက်ရှာရန် စိတ်ကူးထားခဲ့သော်လည်း သခင်မကြီး၏ခိုင်းစေမှုကြောင့် သူမ၌ လူရှာရန်အချိန်ရှိတော့မည် မဟုတ်ပါ ။

မလုပ်ချင်သော်လည်း သခင်မကြီးအား ဆန့်ကျင်ရန်လည်းမ၀ံ့သဖြင့် ခေါင်းသာညိတ်ပြလိုက်ရတော့သည် ။ " ရှန်းရုန် နားလည်ပါပြီ "

အန်းရှီကလည်း သက်ပြင်းချလိုက်သော်ငြား ဘာမှတော့ မပြောပေ ။ အဆုံးတွင် သူမတို့နှစ်ဦးလုံးသည် ဖုန်းကျင်းယွမ်၏ ကိုယ်လုပ်တော်နှင့် ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်သာဖြစ်သဖြင့် ဤမိသားစုထဲ၌ သူမတို့၏ ပြောစကားများသည် သဲသောင်ပြင်၌ စာရေးသလို အရာမထင်နိုင်ပေ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now