၁၂၂။ မြေးတော်လေး

3.3K 414 5
                                    

ဖုန်းယွိဟန် အံ့သြသွားမိသည်။ " ယောင်မိသားစုက ဘာလို့ ၀င်မဖြေမှာပါလဲ "

ကြင်ယာတော်ယွင်က သူမ၏ လက်ဖမိုးကိုသာ ခပ်ဖွဖွ ပုတ်ပေးလေသည်။ " နောင်ကြရင် သိလာလိမ့်မယ် " ထိုအဖြေကြောင့် ဖုန်းယွိဟန် စိတ်မကျေမချမ်း ဖြစ်သွားမိသည်။ " ဟုတ်သားပဲ ပွဲတော်တက်ဖို့လာခဲ့တာဆိုတော့ အားဟန်တော့ သေချာပေါက် ပုပိုင်ဖျင်းရဲ့ တူမနဲ့တွေ့ရဦးမှာပဲ "

" ပုနင်ရှန်းလား ? "

" ဟုတ်တယ် " ကြင်ယာတော်ယွင်က ခေါင်းညိတ်ပြကာ နှုတ်ခမ်းကို လက်ဖြင့်အုပ်ပြီး ပြုံးလိုက်သေးလေသည်။ " အဲ့တစ်ယောက်က ငယ်ငယ်လေးတည်းက သူ့အစ်ကိုနဲ့အတူတူ သိုင်းပညာသင်ထားတယ်ဆိုပြီး သူ့ကိုယ်သူ အထင်ကြီးနေတာလေ ၊ အားဟန်ဘက်က မစရင်တောင် သူ့ဘက်ကနေပြီး ပြိုင်ဖ်ို့စိန်ခေါ်လာလိမ့်မယ် ၊ အဲ့ဒါက ပွဲတော်ရဲ့ အဓိကအချက်လို့ ပြောရမလားပဲ "

ဆောင်းလ၀န်းနန်းဆောင်မှ ပြန်ထွက်လာပြီးနောက်တွင် ဖုန်းယွိဟန် ဟူးအန်းချွမ်အား မေးလိုက်မိသည်။ " ပွဲတော်ရဲ့ အဓိကဆိုတာက သိုင်းပညာပြိုင်ပွဲလား "

ဟူးအန်းချွမ်က ပြန်ဖြေသည်။ " သိုင်းပညာပြိုင်ပွဲပဲ မဟုတ်ပါဘူး ၊ အားလုံးအတွက် ပြိုင်ပွဲတွေ ရှိပါတယ် ၊ ပွဲတော်ဆိုတာက သခင်မတွေ ၊ သခင်မလေးတွေနဲ့ သခင်လေးတွေ အချင်းချင်းသိကျွမ်းလာအောင် လုပ်ပေးတဲ့ပွဲပါပဲ ၊ လူငယ်တွေက အရည်အချင်းပြကြပြီးတော့ အဲ့ဒါကိုကြည့်ပြီးတော့ လူကြီးတွေက ချွေးမတွေ သားမက်တွေကို ရွေးကြတာပါ "

" ဒါဆိုရင် ငါ ဘာမှလုပ်ဖို့ မလိုလောက်ဘူးမလား ဟုတ်တယ်မလား ၊ ငါက စေ့စပ်ပြီးသားလူလေ ! " ယခုမှသာ စေ့စပ်ထားတာက တကယ်ကောင်းပါလားဟု ဖုန်းယွိဟန် ထင်လိုက်မိသည်။

ဟူးအန်းချွမ်က သက်ပြင်းချလိုက်လေသည်။ " ဘယ်သူကမှ စိန်မခေါ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပါ ၊ အဲ့ဒီ့ သခင်လေးတွေ သခင်မလေးတွေက အပေါ်ယံမှာတော့ သဘောကောင်းချင်ယောင် ဆောင်ပြတက်ကြပေမယ့် တကယ်တမ်းကြတော့ အာလုံးကစိတ်မရှည်ဘဲ ဒေါသထွက်လွယ်ကြတဲ့သူတွေချည်းပါပဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now