၁၃၂။ ဘယ်သူ့ကို အမှိုက်လို့ ပြောလိုက်တာလဲ

3.2K 373 15
                                    

ထိုအော်သံကြောင့် အားလုံးသည် လန့်သွားမိကြသည် ။ ဟူးအန်းချွမ်က ဖုန်းယွိဟန်၏ရှေ့သို့ ချက်ချင်းဆိုသလို ရောက်လာကာ ကာပေးလိုက်သည် ။ ဒူးထောက်နေခဲ့သော ချင်လဲ့သည် ထရပ်လိုက်ပြီး ဖုန်းချန်းယွီ၏ ခေါင်းထက်မှ ဆံထိုးကိုဆွဲဖြုတ်လိုက်ကာ ဖုန်းယွိဟန်အား ထိုးမည့်ဟန်ပြုလေသည်။

ဖုန်းယွိဟန်က ရှောင်ဖို့ရန် စိတ်ကူးပင်မရှိဘဲ ချင်လဲ့အား ဟူးအန်းချွမ်က ကိုင်တွယ်လိုက်မည်ကိုသာ စောင့်နေလေ၏ ။ မျက်နှာထက်၌ အပြုံးတစ်ပွင့် ဆင်မြန်းရန်ကြာမည့်အချိန်အတွင်းမှာပဲ ချင်လဲ့သည် ဟူးအန်းချွမ်ထံမှ အကန်ခံလိုက်ရတော့သည် ။

ထိုမြင်ကွင်းကို ဖုန်းချန်းယွီ ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပေသည်။ မင်းသားယွီက ဖုန်းယွိဟန်အား သိုင်းပညာတက်ကျွမ်းသော အစေခံနှစ်ဦးကို ပေးထားခဲ့သည်ဆိုသည်အား သိထားခဲ့သော်လည်း ဤမျှထိ တော်ကြသူများဖြစ်သည်ကိုတော့ သိမထားခဲ့ပေ ။

ဖုန်းယွိဟန်အား ကြည့်လိုက်မိသည့်အခါတွင် သူမမျက်၀န်းထဲရှိ အေးစက်မှုများနှင့် ရဲစွမ်းသတ္တိများကို မြင်လိုက်ရ၍ ထိုတစ်ယောက်အား မသိခဲ့ဖူးသလို ဖုန်းချန်းယွီ ခံစားလိုက်မိသည် ။ ယခင်က တရား၀င်သမီး ဖုန်းယွိဟန်ပင်ဖြစ်စေ ယခုလက်ရှိ ကိုယ်လုပ်တော်သမီး ဖုန်းယွိဟန်ပင်ဖြစ်စေ ထိုနှစ်ဦးလုံးသည် ဘယ်တုန်းကမှ ယခုလိုပုံစံမျိုး ရှိမနေခဲ့ဖူးပေ ။

ဖုန်းယွိဟန်နှင့် ပတ်သက်၍ ဘာမှားနေသည်ကို မသိသော်လည်း  ဖုန်းချန်းယွီရင်ထဲ၌ စိုးရိမ်ခြင်းများက အမြစ်တွယ်လာပြီဖြစ်သည်။

ကြည့်ရတာ ဒုတိယညီမအား ... သူမ အနိုင်ရနိုင်မည့်ဟန် မရှိပေ ။

ချင်လဲ့သည် တစ်ညလုံး ဒူးထောက်ထားခဲ့ရပြီး ယခုတွင် ဟူးအန်းချွမ်ထံမှ အကန်ခံလိုက်ရသဖြင့် သတိမေ့သွားသည်မှာ ကြာနေပြီဖြစ်သော်လည်း တစ်ယောက်ကမှ သူမကို သွားထူပေးကြခြင်း မရှိပေ ။

ဟူးအန်းချွမ်က ကန်လိုက်ခြင်းကိုလည်း အထိန်းတော်က မမြင်ချင်ယောင် ဆောင်ထားလေသည် ။ နန်းတော်တွင် နေလာခဲ့တာ ကြာပြီဖြစ်၍ သူမသည် ဟူးအန်းချွမ်နှင့် ၀မ်ချူအန်းအား မြင်ဖူးထားလေသည် ။ ကြင်ယာတော်ယွင်၏ လက်ပါးစေဟောင်းများကို ဘယ်သူက များ ရန်စရဲမှာတဲ့လဲ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now