၇၃။ နင်ကမှ ပျောက်နေတဲ့သူ

3.3K 402 8
                                    

ထိုညမှာပဲ ဒဏ်ရာများရှိနေသည့် ချန်ရှီနှင့် ဖုန်းဇီဟောင်မှလွဲ၍ ဖုန်းအိမ်တော်မှ လူတစ်စုသည် ပျောက်နေသည့် ဖုန်းယွိဟန်နှင့် ဖုန်းဇီရွေ့အား ထွက်ရှာကြလေသည်။  သခင်မကြီးသည်ပင် အစေခံများထမ်းထားသည့် ထမ်းစင်ပေါ်တွင် လိုက်ပါလို့လာသည်။

ပြောရမည်ဆိုပါက ဖုန်းယွိဟန်တို့ မောင်နှမ ပျောက်ဆုံးနေသည်ကို ပထမဆုံးသိသည့်သူမှာ ဖုန်းချန်းယွီဖြစ်လေသည်။ သူမ ပြောသည်က ညလယ် တစ်ရေးနိုးတွင် ရင်ထဲနေမကောင်း ဖြစ်နေ၍ အိပ်ယာထဲမှ ထွက်ကာ အကူအညီတောင်းရန် ဖုန်းယွိဟန်၏ အခန်းသို့သွားခဲ့တာဖြစ်ပြီး ဖုန်းယွိဟန်၏ အခန်းထဲ၌ အစေခံ ၀မ်ချူးအန်းကိုသာ တွေ့ရပြီး အခြားဘယ်သူမှ မရှိဟုပင်။

ဖုန်းချန်းယွီသည် ဘာဖြစ်နေသည်ကိုပင် မေးမြန်းခြင်းမပြုဘဲ " မကောင်းတော့ဘူး ! ဒုတိယညီမ ပြန်ပေးဆွဲခံလိုက်ရပြီ ! " ဟုအော်လိုက်တာဖြစ်သည်။

ထိုအော်သံကြောင့် ဖုန်းမိသားစု၀င်များအားလုံး နိုးသွားကြတော့လေသည်။

ဖုန်းချန်းယွီက တောင်အရှေ့ဘက်တွင် ဘုန်းတော်ကြီးများစွာရှိ၍ အရှေ့ဘက်မှ ထွက်ပြေး၍ရမည်မဟုတ်၍ ပြန်ပေးဆွဲသူများသည် သွားခဲ့လျှင်  တောင်အနောက်ဘက်ကိုသာ သွားတာဖြစ်ရမည်ဟု ဆို၍ ဖုန်းကျင်းယွမ်သည် ဖုန်းအိမ်တော်ရှိ လူကုန်ခေါ်ကာ တောင်အနောက်သို့ ရှာဖွေရန် လာခဲ့တာဖြစ်သည်။

သူတို့တစ်စုသည် တောင်အနောက်တွင် အချိန်တစ်ခုကြာအောင် ရှာပါသော်လည်း လူတစ်ယောက်ရဲ့အရိပ်အယောင်ကိုပင်မမြင်ရ။

ဖုန်းမိသားစု၀င်များသည် တောထဲတွင် မီးတုတ်များကိုင်ကာ စုပေါင်းရပ်လိုက်ကြ၍ နေ့အချိန်လိုပင် လင်းထိန်နေလေသည်။ ဖုန်းချန်းယွီမှာ မျက်နှာကဖြူဖျော့နေကာ ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း မျက်ရည်များကလည်း ၀ဲနေလေသည်။

" ဘယ်လိုလုပ်ကြမလဲ။ ဒုတိယညီမကို ရှာမတွေ့ရင် ဘယ်လိုလုပ်ကြပါ့မလဲ။ " ဖုန်းချန်းယွီ၏ အသံမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နေကာ ညီမလေးအတွက် အမှန်တကယ် ပူပန်နေသည့် အစ်မကြီးတစ်ဦးလိုပင်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now