၁၁၂။ မကောင်းတော့ဘူး !

3.2K 397 8
                                    

ဖုန်းဇီဟောင်စလိုက်သည့်မီးက ပဲ့နေသော အခေါင်းကြားမှ အထဲကိုကူသွားခဲ့တာဖြစ်ပေသည်။ လူအများသည် အပြင်က မီးကိုသာငြှိမ်းနေခဲ့ကြတာဖြစ်ပြီး အခေါင်းတွင်၌ လှိုက်ကာလောင်နေမည်ဟု မထင်ထားခဲ့ကြပေ ။ အထဲသို့အပြေးသွားကာ ပြန်ကြည့်လိုက်ကြသည့်အခါတွင် ချန်ရှီ၏အလောင်းမှာ ကိုယ်တစ်ပိုင်းမိီးလောင်သွားပြိိး ကိုယ်တစ်ပိုင်းသာ ကျန်နေလေတော့သည်။

သခင်မကြီးက ကြောက်လန့်သွားပြီး ​မြေပေါ်သို့ လဲကျသွားလေ၏။ သူမလက်ထဲရှိ ကြိမ်တံကလည်း ပြုတ်ကျသွားပြီး မျက်လုံးအပြူးသားဖြင့် ဖြစ်နေပြီး ရုပ်ထုဖြစ်သွားသလိုပင်။

အထိန်းတော်​ကျောက်က လန့်သွားကာ ဖုန်းယွိဟန်ကို လှမ်းခေါ်လေသည်။ " ဒုတိယသခင်မလေး သခင်မကြီးကို မြန်မြန်လာကြည့်ပေးပါဦး "

ဖုန်းယွိဟန်လည်း ထိုနေရာသို့သွားလိုက်ပြီး ၀တ်ရုံလက်ထဲမှ ငွေအပ်လေးကို ထုတ်လိုက်ကာ သခင်မကြီး၏ လည်ပင်းသွေးကြောကို အပ်စိုက်ပေးလိုက်သည်။ ထိုအခါမှ သခင်မကြီးသည် ချက်ချင်းဆိုသလို သတိပြန်လည်လာလေသည်။ " ဖုန်းမိသားစုက ဘာအပြစ်တွေများ လုပ်ထားမိလို့ ကောင်းကင်ဘုံက ဒီလိုအပြစ်ပေးနေရတာပါလဲ "

ရွှမ်ထျန်းမင်က အတည်ပေါက် ပြန်ဖြေလေသည်။ " စိတ်မပူပါနဲ့ သခင်မကြီးဖုန်း ၊ မနက်ဖြန်ကြရင် ကိုယ်တော်က တောက်ဓမ္မပညာရှင်ကို ခေါ်လာပေးပြီး ဖုန်းမိသားစုက ဘာအပြစ်တွေ ကျူးလွန်ထားတာလဲဆိုတာကို သေချာလေး မေးပေးပါ့မယ် "

ဖုန်းကျင်းယွမ် အော်ဟစ်ကာ ဆဲဆိုပစ်လိုက်ချင်သော်လည်း တကယ့်တကယ်တွင် မလုပ်ရဲပါ ။ ထို့ကြောင့် ဟယ်ကျုံးကိုသာ အခေါင်းအသစ်တစ်လုံး မြန်မြန်၀ယ်ခဲ့ဖို့ ခိုင်းလိုက်တော့သည်။ အလောင်းသည်ကား ဘယ်လိုပဲဖြစ်ဖြစ် အခေါင်းထဲထည့်ထားမည်ဖြစ်၍ အပြင်လူတွေလည်း မမြင်နိုင်သောကြောင့် မီးလောင်သွားလည်း ကိစ္စမရှိပေ ။

ဖုန်းယွိဟန် သခင်မကြီးအား ကူတွဲပေးကာ ပြောလိုက်သည်။ " ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ဖွားဖွား အများကြီး ၀မ်းနည်းမနေပါနဲ့ ၊ အစ်ကိုကြီးက အမေ့က်ို ဒီလိုလုပ်ရလောက်တဲ့အထိ ဘာလို့မုန်းတိီးနေတာလဲဆိုတာကို အားဟန်တော့ နားမလည်နိုင်ပါဘူး။ အမေက ကွယ်လွန်ပြိီးသွားတာတောင် အစ်ကိုကြီးက အမေ့ရဲ့ ရုပ်အလောင်းကို မီးရှို့လိုက်သေးတယ် "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now