၅၃။ ဒုတိယသခင်မလေးကို ချီးမွမ်းပဏာပြုကြခြင်း

3.7K 455 12
                                    

ဖုန်းယွိဟန် ခေတ္တမျှ စဥ်းစားနေသည့်ဟန် ပြုလိုက်ကာ " နှစ်ငါးရာ ဂျင်ဆင်းတုန်းက အဲ့ဒီ အဖိုးအိုကို ငွေတုံးနှစ်ဆယ်နဲ့ ရောင်းလိုက်တာဆိုတော့  နှစ်တစ်ထောင် လင်းကျီကိုကျ...ငွေတုံးလေးဆယ် ?  "

ဆိုင်ရှင်သည် ခေါင်းခါပြကာ ပြောသည်။ " သခင်မလေး ၊ စျေးနှုန်းက အဲ့လိုတွက်ရတာမဟုတ်ဘူးလေ။ ဒီလိုမျိုး နှစ်ဆတင်လိုက်ရုံနဲ့ ရတာမျ်ိုး မဟုတ်ဘူးလေဗျာ။ " ဘယ်လိုဟာသလဲ။ တစ်ချက်ကြည့်ရုံနဲ့ ဒီသခင်မလေးက သာမန်လူမဟုတ်တာ သေချာနေတဲ့ဟာ။ ရရင် ရသလောက်တော့ ညှစ်ထုတ်ရမှာပဲ။

" ဒါဆိုလည်း ဆိုင်ရှင်ပဲ စျေးပြောကြည့်လိုက်ပါ။ "

ဆိုင်ရှင်သည် စဥ်းစားကာ လက်ငါးချောင်း ထောင်ပြရင်း " ဒီ ဂဏန်းလောက် ။ " ဟုဆ်ိုသည်။

" ငွေတုံး ငါးဆယ် ? အင်း ၊ ရပါတယ်လေ။ "

" ငွေတုံး ငါးရာပါ။ "

" ​ငွေတုံး ငါးရာ... " ဖုန်းယွိဟန် ခေါင်းငုံ့ကာ ရှက်ပြုံးလေးပြုံးလိုက်ရင်း လင်းကျီအား ကြည့်ကာ ဆိုလိုက်သည်။ " သစ်ခေါက်လေးတစ်ခေါက်ကို ငွေတုံးငါးရာ ? ဆိုင်ရှင် ၊ ရှင် နည်းနည်းလောက်လွန်နေတယ်လို့ မထင်ဘူးလား။ " ဖုန်းယွိဟန် ခေါင်းပြန်မော့လာသည့်အခါတွင်တော့ သူမ၏ မျက်နှာ အမူအရာမှာလုံး၀ ပြောင်းလဲသွားပြီဖြစ်သည်။ ကြည်လင်တောက်ပနေသော မျက်၀န်းတစ်စုံကလည်း ဆိုင်ရှင်အား ပေါက်ထွက်သွားမတက် စိုက်ကြည့်လို့နေသေးသည်။

" မင်း ဘာပြောလိုက်တာလဲ။ " ဆိုင်ရှင်မှာ မကောင်းသည့် ခံစားချက်များ ရနေပြီဖြစ်သည်။ သူ အကြပ်တွေ့နေပြီ ။ ဆိုင်ရှင်သည် ဖုန်းယွိဟန်၏ လက်ထဲမှ လင်းကျီအတုအား ပြန်လုချင်တာဖြစ်သော်ငြား ဖုန်းယွိဟန်က သူ၏ လက်ကောက်၀တ်အား ညှပ်ကြီးတစ်ခုသဖွယ် ဆုပ်ကိုင်ထားကာ လိမ်ချိုးနေ၍  ချွေးများပြန်နေပြီဖြစ်သည်။  " မင်း ဘာလုပ်ချင်နေတာလဲ။ "

ထိုအချိန်မှာပဲ ဟူးအန်းချွမ်သည် မကြာသေးခင်က ဂျင်ဆင်းတုအား ၀ယ်သွားသည့် အဘိုးအိုနှင့်အတူ ရာချီဆေးပင်ဆိုင်သို့ ပြန်ရောက်လာလေသည်။ ချက်ချင်းဆိုသလိုပဲ ဆေး၀ယ်နေကြသူများနှင့် သမားတော်အားပြရန် စောင့်ဆိုင်းနေကြသည့်သူများအားလုံးနီးပါး ၀ိုင်းအုံလာကြလေသည်။ လမ်းသွားလမ်းလာ လူများပင် တစ်ခုခုဖြစ်နေပြီဟုထင်ကြ၍ ပွဲကြည့်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကြလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now