၁၅၄။ သဲလွန်စ ထွက်ပေါ်လာခြင်း

2.3K 312 21
                                    

ဖုန်းကျင်းယွမ် သခင်မကြီးအား ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။ " နားလည်ပေးလို့ အမေ့ကို ကျေးဇူးတင်ပါတယ် ၊ ဘာတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော်သိပါပြီ "

" အင်း " သခင်မကြီးက အထိန်းတော်ကျောက်၏ အကူအညီဖြင့် ခြံ၀င်းထဲမှ လှည့်ထွက်သွားရင်းနှင့် ဆက်ပြောသွားသေးသည်။ " ကျင်းယွမ် မင်းကအခုဆို လူကြီးဖြစ်နေပြီ ၊ မင်းမှာလည်း မင်းစိတ်ကူးနဲ့မင်း ရှိပြီးသားဖြစ်သလို မင်းရဲ့သားသမီးတွေလည်း အတူတူပဲဖြစ်လိမ့်မယ် ၊ မင်း ဒီ့ထက်အသက်ကြီးလာရင်သာ အမေ့လို ဘာမှမပြောနိုင်မဆိုနိုင် ဖြစ်မသွားဖို့ အမေမျှော်လင့်တယ် ၊ ယောင်ရှီပြောတာမှန်တယ် ၊ ယောင်မိသားစုသာ အရင်လိုပြန်ဖြစ်လာမယ်ဆိုရင် မင်း နောင်တရဖို့ နောက်ကျသွားလိမ့်မယ် "

ဖုန်းကျင်းယွမ်က မျက်နှာပျက်သွားသော်လည်း ဘာမှတော့ပြန်မပြောပေ ။ အမှန်က ယောင်ရှီပြောသလို ယခင်က သူလည်း တွေးခဲ့ဖူးသည်။ ဇီရွေ့အား ယွင်လုကျောင်းတော်တွင် တက်ခွင့်ပြုကာ ယောင်မိသားစုမှလူငယ်များအား နန်းတွင်းစာမေးပွဲကို ၀င်ဖြေခွင့်ပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်ကြီး၏ ယောင်မိသားစုအပေါ် သဘောထားသည် ရှင်းလင်းနေပြီဖြစ်သည်။ ဖုန်းယွိဟန်အပေါ်ထားသည့် မင်းသားကိုး၏ချစ်ခင်မှုအရ ထိုပုဂ္ဂိုလ်သာ ပါးစပ်လေး တစ်ချက်ဟလိုက်ပါက ယောင်မိသားစု ခွင့်လွှတ်ခံလိုက်ရဖို့က အလွယ်လေးပင်ဖြစ်ချေသည်။

သို့သော်လည်း အခြေအနေများက ယခုအခြေအနေအထိ ရောက်နေပြီဖြစ်သဖြင့် သူ အမြဲတမ်း ခေါင်းငုံ့ခံမနေနိုင်ပါ ၊ အဲ့လိုသာဆို သူ့မှာ ... ထားစရာမျက်နှာ ဘယ်မှာရှိတော့မှာလဲ ။

အကြာကြီး တွေးနေပြီးမှ ဖုန်းကျင်းယွမ် ခေါင်းမော့ကာ လှမ်းခေါ်လိုက်သည်။ " လျှို့၀ှက်ကိုယ်ရံတော် ! "

အနက်ရောင်၀တ် အရိပ်တစ်ခုက ချက်ချင်းပင် ဖုန်းကျင်းယွမ်၏ရှေ့သို့ ရောက်လာသည်။

" တစ်ခုခု ရှာတွေ့ပြီလား "

လျှို့၀ှက်ကိုယ်ရံတော်က ပြန်ဖြေသည်။ " ဒုတိယသခင်မလေးရဲ့ဘေးက လျှို့၀ှက်အစောင့်ကလည်း လိုက်ရှာနေပါတယ် ၊ ဒါပေမယ့် သူလည်း ရှာမတွေ့သေးတဲ့ပုံပါပဲ ၊ ကြည့်ရတာ ... ဒုတိယသခင်မလေးက ရုတ်တရက် ပျောက်သွားပုံရပါတယ် "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now