၂။ နတ်ဆိုးသဖွယ် ချောမောသော အမျိုးသား

6K 513 2
                                    

ယခုအချိန်သည် တဇွတ်ထိုးလုပ်ရမည့် အချိန်မဟုတ်သေး။ ဖုန်းယွိဟန်သည် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေသောသူတစ်ယောက်မဟုတ်ခဲ့သည့်အပြင် ဒီလောကကို ရောက်လာခါစအချိန်သာ ရှိနေသေးသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်တွေကလွဲလို့ တခြားဘာကိုမှမသိသေးတာကြောင့်လည်း ပါသည်။ ထပ်ပြောရရင် သူမက အခုမှ ၁၂နှစ်သာရှိသေးပြီး အရိုးပေါ်အရေတင်ရုံ ခန္ဓာကိုယ်သာရှိသည်။ အရွယ်ရောက်ပြီးသား လူနှစ်ယောက်နှင့် အရိုးကြေကြေအရေခမ်းခမ်း ယှဥ်တိုက်ရလောက်အောင်ထိတော့ မမိုက်မဲပေ။

သူမ ပုန်းနေစဥ်မှာပင် အလောင်းကောင်များရှိရာ သင်္ချိုင်းတွင်းဆီသို့ လျှောက်လာနေသော စုံတွဲကို တွေ့လိုက်ရသည်။ ဖုန်းယွိဟန် သူတို့နှစ်ယောက်အား သေချာချောင်းကြည့်ပြီးနောက် ထိုသူနှစ်ဦးအား မည်သူမည်၀ါမှန်း သိသွားသည်။ ၀မ်ရှုကန်
နှင့် မိန်းမဖြစ်သူ ရွှီရှီ ဖြစ်သည်။

ထိုနှစ်ယောက်သည် အလောင်းပုံတွေကြား လိုက်ရှာနေရင်း သူတို့၏ ရောင်းကုန်မှာ ပျောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရွှီရှီမှ စိတ်ရှုပ်စွာ ပြောလာသည်။ " မဟုတ်သေးဘူးနော် ၊ ငါတို့ သူ့ခန္ဓာကိုယ်ကို ဒီနေရာမှာ ထားခဲ့တာ သေချာတယ်လေ။ ဘယ်ရောက်သွားတာလဲ ။ "

၀မ်ရှုကန်တစ်ယောက် ဒေါသထွက်စွာ ခြေဆောင့်လိုက်မိသည်။ " သူထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား "

" မဖြစ်နိုင်တာ ၊ အဲ့ဒီဆေးက သူ နှစ်ည ၊ နှစ်ရက် လောက် အိပ်ပျော်နေအောင် အာနိသင်ရှိတယ် ။ တစ်ညတည်းနဲ့ နိုးလာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။"

၀မ်ရှုကန် ဒေါသများ ထိန်းမရအောင် ထွက်လာသည်။ " ဒါဆိုလည်း မင်းပြောစမ်းပါ၊ သူဘယ်ရောက်သွားတာလဲလို့ ။"

ရွှီရှီသည်လည်း စိတ်ဆိုးလာကာ " ကျွန်မကို အော်နေလို့ ဘာထူးမှာလဲ ၊ သူ့ကို မေ့အောင် ရိုက်ပြီးတော့ ကျွန်မတို့နှစ်ယောက်ပဲ အိပ်ဆေးတိုက်ခဲ့ကြတာလေ ၊ အတူတူလုပ်ခဲ့ပြီးမှ အခုမှ ဘာလို့ကျွန်မကိုပဲ အပြစ်လာတင်နေတာလဲ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now