၅၂။ မြက်ဆိုတာ ရိပ်ပေးမှ သန်တာ

3.5K 385 1
                                    

သခင်မကြီးသည် ထိုစာချုပ်များကို မယူလိုက်ဘဲ ဖုန်းယွိဟန်လက်ထဲသို့ ထည့်ပေးလိုက်ဖို့သာ ဆိုလိုက်သည်။ " အားဟန် ၊  မှားနေတာရှိလား ကြည့်လိုက်ဦး။ "

ချန်ရှီသည် မကျေနပ်ဟန်ဖြင့် " ဘာမှားရမှာလဲ။ ပြန်ပေးဆိုလို့ ပြန်ပေးပြီးတာကိုတောင် ဘာထပ်လိုချင်နေသေးတာလဲ။ " ဟု ဒေါသတကြီးဆိုလေသည်။

သခင်မကြီးသည် " နင့်ပါးစပ်ကို ပိတ်ထားစမ်း ! " ဟု ကြိမ်တံဖြင့် ကြမ်းပြင်အား ရိုက်ချလိုက်ရင်း အော်လေသည်။ အသံမှာ ကျယ်လွန်းသဖြင့် အားလုံး လန့်သွားကြကာ ဇက်လေးများပင် ပုမိသွားကြတော့သည်။

ဖုန်းယွိဟန်သည် စိုးရိမ်နေသည့်ဟန်ဖြင့် " ဖွားဖွား ၊ ဒေါသမထွက်ပါနဲ့။ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ " ဟု ဆိုလိုက်သည်။

သခင်မကြီးသည် ထိုအခါမှသာ ခေါင်းညိတ်ပြလိုက်ရင်း " ကြည့်ကြည့်လိုက်ဦးလေ ၊ အားဟန် ။ " ဟုပြန်ပြောလာတော့သည်။

ဖုန်းယွိဟန် သူမလက်ထဲရှိ စာချုပ်သုံးခုအား ကြည့်လိုက်ရင်း ယောင်ရှီ၏ ဘေးသို့သွားကာ " ကိုယ်လုပ်တော် အမေ ၊ ဒီစာချူပ်တွေ မှန်ရဲ့လား ကြည့်ပါဦး။ "

ယောင်ရှီလည်း ယူကာ ကြည့်လိုက်သည်။ တစ်ခုမှာ ရာချီဆေးပင်ဆိုင်၏ စာချုပ်ဖြစ်ကာ ကျန်နှစ်ခုကတော့ ရတနာပစ္စည်းဆိုင်နှင့် ရှေးဟောင်းပစ္စည်းဆိုင်၏ စာချုပ်များဖြစ်လေသည်။

ထိုသုံးဆိုင်လုံးသည် သူမ လက်ထပ်သည့် အချိန်တုန်းက နန်းတွင်းသမားတော်ယောင်ကိုယ်တိုင် ပြင်ဆင်ပေးခဲ့သည့် ခန်း၀င်ပစ္စည်းများဖြစ်ကာ သုံးဆိုင်လုံးသည် အမြတ်များစွာရသည့် ဆိုင်များဖြစ်လေသည်။ သမီးဖြစ်သူ သူစိမ်းမိသားစုထဲ၌ မျက်နှာမငယ်ရဘဲ မကြောင့်မကြနေနိုင်ဖို့ ထည့်ပေးလိုက်တာဖြစ်သော်ငြား ဖုန်းကျင်းယွမ်နှင့် လက်ထပ်လိုက်သည့် နေ့ကတည်းက အသိမ်းခံလိုက်ရမည်လို့တော့ ထင်ထားခဲ့မည် မဟုတ်လောက်ပေ။

" ဒီစာချူပ်တွေ ဟုတ်တယ်။ " ယောင်ရှီမှာ ပြောရင်းဖြင့် ၀မ်းနည်းလာတော့သည်။

ဖုန်းယွိဟန်လည်း စာရင်းဇယားများကို လှန်လှောကြည့်လိုက်သည်။ သူမ သေသေချာချာ နားမလည်သော်ငြား စာရင်းချုပ်ထားသည်ကတော့ ရှင်းသည်။ သုံးဆိုင်လုံးက အကြွေးမြုပ်နေကာ အမြတ်မရသည့်အပြင် ငွေအများကြီး စိုက်ထားရသည်ဟူ၍ပင်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now