၁။ ဇာမဏီ ထွက်ပေါ်လာခြင်း

10.1K 564 3
                                    

တာ့ ရွှမ်း မင်းဆက် ၊ ထျန်း၀ူ နှစ်ဆယ့်တစ်နှစ်မြောက် ။

တိမ်ကင်းစင်နေသော လသာည တစ်ညဖြစ်ပြီး ကြယ်လေးများသည်လည်း တလက်လက်တောက်ပလို့နေသည် ။ နေရာတစ်ခုထံသို့ ရုတ်တရက်ကျရောက်လာသည့် လျှပ်စီးတစ်ချက်ကြောင့် နန်းတော်ကြီး၏ အမိုးများပင် အနည်းငယ် တုန်ခါသွားခဲ့သယောင်ပင် ။ မိုးခြိမ်းသံရှိနေသော်လည်း မိုးစက်မိုးပေါက်များကိုတော့ ဖြင့် တစ်စက်တလေတောင် မတွေ့မြင်နိုင်ပေ ။

နန်းတော်ထဲတွင် နက္ခတ္တဗေဒ ပညာရှင်သည် ကောင်းကင်ခန်းမဆောင်ရှိရာဆီသို့ အပြေးအလွှား ခပ်သွက်သွက်သွားပြီး ထျန်း၀ူဧကရာဇ်၏ ရှေ့မှောက်၌ ၀မ်းလျားမှောက်ခစား၍
" အရှင်မင်းကြီး အနောက်မြောက်အရပ်ရှိ မိုးကောင်းကင်တွင် လှုပ်ရှားမှုများရှိနေပါပြီ ။ ဇာမဏီ ဆင်းသက်လာပါပြီ ။"

ထျန်း၀ူဧကရာဇ်၏ လက်၌ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးကို ကိုင်လို့ထားပြီး ထိုခွက်ထဲရှိ လက်ဖက်ရည်များမှာ အနည်းငယ် လှုပ်ခါလို့နေသည်။ " အနောက်မြောက် ....." ဧကရာဇ်သည် မျက်တောင်များကိုမှေးစင်းထားပြီး မျက်ခွံတစ်၀က်ခန့်သာဖွင့်ထားကာ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်အားတုန့်ပြန်လိုက်သည် ။ " စဥ်းစားကြည့်မယ်ဆိုရင် မင်အာလည်း ပြန်လာသင့်နေပြီပဲ ။"

*******

တိမ်ကင်းစင်နေသည့် ကောင်းကင်ပြင်မှ နောက်ထပ်လျှပ်စီးတစ်ချက်သည် တာ့ရွှမ်းအနောက်မြောက်အရပ်ရှိ ဂူသင်္ချုင်းတစ်ခုပေါ်သို့ ပစ်ချပြန်လေသည်။ ထိုလျှပ်စီးသည် အမျိုးသမီးအလောင်းတစ်ခုအပေါ်သို့ ကျရောက်ကာ ထိုအလောင်းအားလှုပ်ခါသွားစေသည်။

အလောင်းကောင်များအလယ်တွင် ဖုန်းယွိဟန်သည် သူမရဲ့ ခန္ဓာကိုယ်အား ထိုင်နေသည့်ကိုယ်နေဟန်ထားသို့ ရစေရန် မနည်းရုန်းကန်လိုက်ရသည်။ သူမရဲ့ အသိစိတ်က အနည်းငယ်ဝေ၀ါးနေသေးပေမယ့် အနည်းငယ်ကြာပြီးနောက်မှာတော့ သူမလုံး၀ကို အသိစိတ်ကပ်သွားပြီဖြစ်သည်။
သူမ မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ မရေမတွက်နိုင်လောက်သော အလောင်းများကြောင့် အနည်းငယ်ပင် ထိတ်လန့်သွားမိသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now