၁၁၇။ ထူးဆန်းသောစာ

3.2K 369 2
                                    

ဖုန်းယွိဟန်က ထိုသို့ဆ်ိုလာမှသာ အားလုံးလည်း ဖုန်းဇီဟောင်က ဓားဆွဲကာ သူမနောက်မှ လိုက်ခုတ်နေခဲ့သော မြင်ကွင်းကို ပြန်မြင်ယောင်သွားမိကြသည်။

သခင်မကြီးက သူမ၏ သဘောထားကိုပြောသည်။ " ကျင်းယွမ် ၊ ဇီဟောင်ကို အားဟန်ကိုတောင်းပန်ဖို့ ပြောလိုက် ၊ ဒီကိစ္စကို တောင်းပန်ရုံနဲ့တော့ အဆုံးသတ်ပေးလိုက်လို့ မဖြစ်ဘူး ! "

" ကျွန်တော် မတောင်းပန်နိုင်ဘူး ! " ဖုန်းဇီဟောင်က ထအော်သည်။ " ဘာလို့ ကျွန်တော်က တောင်းပန်ရမှာလဲ ၊ သူမက အမေ့ကို သတ်လိုက်တာလေ ! "

ဖုန်းယွိဟန်က ဒေါသထွက်သည့် အရိပ်အယောင်မပြဘဲ သူ့ကိုသာ မျက်နှာငယ်လေးဖြင့် စိုက်ကြည့်နေသဖြင့် ဖုန်းကျင်းယွမ် ခေါင်းကိုက်လာမိသည်။

ယခုအခြေအနေက ကိုင်တွယ်ရခက်နေပေသည်။ ချန်ရှီက ဆုံးသွားပြီဖြစ်ကာ ယောင်မိသားစုက ယခင်လိုပြန်ဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေရှ်ိနေလေ၏။။ ဖုန်းချန်းယွီကို ကာကွယ်ရမည်ဖြစ်သလို ဖုန်းယွိဟန်ကိုလည်း ရန်စလိုက်၍ မဖြစ်သေးပေ ။ ဖုန်းဇီဟောင်ကိုကြည့်မိသည့်အခါတွင် ထိုသားဖြစ်သူအား ဆက်၍ကာကွယ်ပေးနေစရာ အကြောင်းအရင်းမရှိတော့ဟု ဖုန်းကျင်းယွမ် ထင်မိသည်။ ခန္ဓာကိုယ်က မကျန်းမာသည့်အပြင် ဖုန်းမိသားစု၏ မျိုးဆက်ကို ဆက်လက်သယ်ဆောင်သွားပေးနိုင်မည့် အခြေအနေမရှိမှတော့ဖြင့် ပြဿနာရှာကာ  ဖုန်းမိသားစုအား ပြတ်လုံးတစ်ခုဖြစ်အောင် လုပ်နေသော ဖုန်းဇီဟောင်ကို ဘာအကြောင်းနဲ့များ ကာကွယ်ပေးနေရဦးမှာလဲ ။

" မတောင်းပန်ချင်ဘူးဆိုလည်း အဖေ ဘာမှထပ်မပြောတော့ဘူး " ဟု ဖုန်းကျင်းယွမ်က ဆိုပြီးနောက်တွင် အိမ်ထိန်းဟယ်ကျုံးအား လှမ်းခေါ်လိုက်သည်။ " မြင်းလှည်း ပြင်လိုက်တော့ ၊ ပထမသခင်လေးကို ခေါ်ပြီး ချန်မိသားစုနောက်ကို လိုက်သွားလိုက် ၊ ပထမသခင်လေးက မိခင်ဖြစ်သူရဲ့ အုတ်ဂူကိုစောင့်ရှောက်ပေးဖို့ အိမ်ဟောင်းကိုပြန်လိုက်မှာလို့ ပြောပြလိုက် "  ပြောပြီးနောက်တွင် ဖုန်းကျင်းယွမ်က ဖုန်းယွိဟန်ကို တစ်ချက်လှမ်းကြည့်လေသည်။ ထို့နောက် စကားဆက်မဆိုတော့ဘဲ စုန်းရှုခြံ၀င်းဘက်သို့ လှည့်ထွက်သွားတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now