၁၁၃။ ထုံရှန်းစံအိမ်၌ ပြဿနာတက်ခြင်း

3.1K 389 18
                                    

ရွှမ်ထျန်းမင်က ထုံရှန်းစံအိမ်သို့ ညတိုင်းလာနေသည်ကို ယောင်ရှီ သိထားပေသည်။ သို့သော်လည်း ယောင်ရှီက ဖုန်းယွိဟန်အား သိုင်းပညာသင်ပေးရန် လာနေခြင်းဟုသာ သိထားတာဖြစ်သည်။ ဖုန်းယွိဟန်အား စိုးရိမ်နေသဖြင့် ယောင်ရှီသည် ဖုန်းအိမ်တော်ဘက်သို့ သွားကြည့်ချင်နေလေသည်။ ထို့ကြောင့် ရွှမ်ထျန်းမင်အား အပြင်လူဟု သဘောမထားဘဲ ဤသ်ို့ဆိုလိုက်သည်။ " အရှင့်သား ဒီမှာ ခဏထိုင်နေလို့ရမလားရှင် ၊ ကျွန်မ ဇီရွေ့ကိုခေါ်ပြီး အရှေ့ခြံ၀င်းဘက်ကို ခဏလောက်သွားချင်လို့ပါ "

ရွှမ်ထျန်းမင် ယောင်ရှီက မည်သည်ကိုစိုးရိမ်နေသည်အား သိသဖြင့် " သခင်မယောင် စိတ်မပူပါနဲ့ ၊ ဟန်ဟန်က အဆင်ပြေပါတယ် " ဟု ပြောပြလိုက်သည်။

ယောင်ရှီက ခေါင်းညိတ်ပြသော်လည်း ဇီရွေ့ကိုခေါ်ကာ ထွက်သွားရန် ပြင်လေသည်။

ဇီရွေ့က မသွားချင်သဖြင့် ရွှမ်ထျန်းမင်ထံသို့ လက်ဆန့်ပေးကာ သူ့ကိုခေါ်ထားရန် ပြောလေသည်။ ရွှမ်ထျန်းမင် ထိုကလေး၏ ပါးဖောင်းဖောင်းလေးများကို ဆွဲလိုက်မိသည်။ " အမေနဲ့ လိုက်သွားလိုက်လေ ၊ ကောကောက နောက်ကြရင် ထပ်လာတွေ့မယ်လေနော် "

" ဒါဆိုရင် အရှင့်သားကောကော ကတိတည်ရမှာနော် " ဇီရွေ့သည် ရွှမ်ထျန်းမင်အား သူ့ကိုသေချာပေါက်လာတွေ့ရမည်ဟု ပြောပြီးနောက်တွင် မလိုက်ချင်လိုက်ချင်ဖြင့် ယောင်ရှီနောက်မှလိုက်ကာ ထုံရှန်းစံအိမ်မှ ထွက်သွားတော့သည်။

ရွှန်ထျန်းဟွာက ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးနေလေ၏။ " မင်အာက သဘောကျတဲ့ကောင်မလေးနဲ့ ပတ်သက်တဲ့သူတွေကိုတော့ နွေးနွေးထွေးထွေး ဆက်ဆံပေးတက်တယ်ပေါ့ ၊ ဟုတ်လား "

ရွှမ်ထျန်းမင် မျက်ခုံးတစ်ဖက်ပင့်ကာ " အဲ့လိုဖြစ်သွားတာလား "ဟု ပြန်မေးလိုက်သည်။

ရွှမ်ထျန်းဟွာက ပြုံးရုံသာပြုံးနေပြီး ပြန်မဖြေပေ ။

ဟူးအန်းချွမ်းက ယောင်ရှီတို့နောက်သို့ ချင်းယွီကို လိုက်သွားခိုင်းလိုက်ပြီး သူမကတော့ ထုံရှန်းစံအိမ်၌သာ နေခဲ့လေသည်။ " အရှင့်သား ၊ ဖုန်းမိသားစုက စတုတ္ထသခင်မလေးက ဒီကိုလာနေပါတယ်တဲ့ ။ ကျွန်မအထင်တော့ အရှင့်သားကိုတွေ့ဖို့ လာနေတာဖြစ်ပါလိမ့်မယ် "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now