၁၈၅။ အဟက် ... ပျော်တယ်ဆိုရင် ကောင်းတာပေါ့

2K 226 6
                                    

ပုနင်ရှန်း၏ကိစ္စသည် ပုမိသားစုအတွက်တော့ ကြီးမားသည့်ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားသည်။ ထိုကိစ္စအကြောင်း သတင်းစပျံ့သွားသည့် မနက်ခင်းမှစကာ  ယခုလက်ရှိအချိန်အထိ ပုမိသားစုသည် တံခါးများကို တင်းတင်းပိတ်လို့ထားပြီး ဘယ်ဧည့်သည်ကိုမှ လက်မခံကြချေ ။ ပုနင်ရှန်းနှင့် တွဲသွားတွဲလာလုပ်နေကြ သခင်မလေးများသည်ပင် တံခါးမကြီးတွင် တားဆီးခံလိုက်ရပြီး အထဲ၀င်ခွင့် မရလိုက်ကြ ။

ဖုန်းယွိဟန် ရောက်သွားချိန်တွင် ပုအိမ်တော်ရှေ့၌ မပြန်လိုကြသော မိန်းကလေးများရှိနေကြပြီး ရုတ်စုရုတ်စုဖြင့် တိုးတိုးလေး ဆွေးနွေးနေကြသည်။

ဖုန်းချန်းယွီ ပုအိမ်တော်ရှေ့မှ အခြေအနေကိုကြည့်ပြီး ဦးစွာစကားစလိုက်သည်။ " သူတို့မိသားစုက အခုလိုစိတ်ဆင်းရဲစရာကိစ္စကို ကြုံနေရတဲ့ဟာကို ဘယ်လိုလုပ်ပြီး ဧည့်သည်ကိုလက်ခံပြီး တွေ့ချင်မှာလဲ ၊ သူတို့ကို သွားမနှောင့်ယှက်ဘဲ နေကြရအောင် ! "

ဖုန်းယွိဟန်ကတော့ သဘောမတူလိုပါ ။ " ဒါကိုဘယ်လိုလုပ်ပြီး ပြဿနာရှာတယ်လို့ ခေါ်လို့ရမှာလဲ ၊ မမကြီးကို ခေါ်လာတာပဲလေ မဟုတ်ဘူးလား "

" ငါ့ကိုခေါ်လာတော့ရော ဘာကောင်းလို့လဲ "

" မမကြီးကိုခေါ်လာတယ်ဆိုမှတော့ ပုနင်ရှန်းကို မမကြီးရဲ့အတွေ့အကြုံတွေကို ပြန်ပြောပြပေးလို့ရတာပေါ့ ! ဥပမာပြောရရင် ဘယ်လိုအားပြန်ပြည့်အောင် လုပ်ရမယ်တို့ ဘယ်လိုဂရုစိုက်ရမယ်တို့ဆိုတာမျိုးတွေလေ ၊ အားဟန်က ဆောင်းရာသီအလယ်မှာ မ်ီးသွေးလာပေးနေရုံပါ ! " ဟုဆိုကာ ဖုန်းယွိဟန် နှုတ်ခမ်းတစ်ဖက်ပင့်ကာ ခပ်မိုက်မ်ိုက်ပြုံး၍ ပုအိမ်တော်တံခါးမကြီးရှေ့သို့ လျှောက်သွားလိုက်သည်။

ဖုန်းယွိဟန်မှာ ဒေါသထွက်လွန်းလို့ သွေးအန်လာချင်မိသည်။ လှည့်ထွက်သွားမည် လုပ်လိုက်သော်လည်း ၀မ်ချူအန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။ " ပထမသခင်မလေးဖုန်း ရှန့်ကျူက သွားတော့လို့ ခွင့်ပြုပေးလိုက်လို့ပါလား "

ဖုန်းချန်းယွီ တတ်နိုင်သည့်အရာ မရှိတော့ပါ ။ ၀မ်ချူအန်းကို ပြန်မခုခံနိုင်သောကြောင့် စိတ်မပါလက်မပါဖြင့်သာ နောက်မှလိုက်သွားလိုက်ရသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now