၈၇။ ဖုန်းချန်းယွီအား တွဲဖက်ရှာပေးခြင်း

3.5K 417 16
                                    

ဖုန်းချန်းယွီ၏ ရုတ်တရက် ထအော်လိုက်မှုကြောင့် ပွဲတစ်ခုလုံး၏ အာရုံအလုံးစုံသည် သူမထံပြန်ရောက်လာတော့သည်။

ပွဲစကတည်းက ဖုန်းချန်းယွီကိုသာ အများစုက အာရုံစိုက်နေကြ၍ မင်းသမီးကြီးတင်းအန်းသည် စိတ်တိုနေခဲ့တာဖြစ်သည်။ ဖုန်းချန်းယွီက ထိုကဲ့သို့ ထအော်သည့်အခါ ပို၍ မျက်နှာပျက်လာတော့သည်။

မင်းသမီးကြီး၏ ဘေးတွင်ထိုင်နေသည့် ချင်လဲ့သည်လည်း လက်သီးဆုပ်ရင်း ဒေါသထွက်ကာပြောတော့သည်။ " ကြည့်ရတာ ဖုန်းမိသားစုက မိန်းကလေးတွေအားလုံးက အဲ့လို အယုတ်တမာမတွေချည်းပဲ ထင်တယ်။ "

ဖုန်းချန်းယွီ၏ အအော်ခံလိုက်ရသည့် ၀တုတ်တုတ်မိန်းမ​ကြီးသည် အစော်ကားခံရသည်ဟု ထင်ကာ ခါးထောက်၍ ရန်ပြန်တွေ့တော့သည်။ " နင်က အမတ်ချုပ်ဖုန်းအိမ်က ပထမသခင်မလေးပေမယ့် ငါ့ယောက်ျားကလည်း တတိယအဆင့်ရှိတဲ့ အမတ်တစ်ယောက်ပါပဲ။ နင်က တော်တော်လေးလှလို့ ငါက ရင်းရင်းနှီးနှီးရှိအောင် လာမိတ်ဆက်တာ။ ငါ့သားကလည်း ယွင်လုကျောင်းတော်မှာ ပညာသင်နေပြီး အဆင့်ကလည်း အမြဲ ငါးဆယ်အတွင်း၀င်တယ်ဟဲ့။ လာမယ့်နှစ်တွေမှာ သူက နန်းတွင်းစားမေးပွဲက်ို ထိပ်ဆုံးက အောင်ချင်အောင်မှာ။ အဲ့အချိန်ကြမှ ငါတို့နဲ့ ရင်းနှီးချင်တယ်ဆိုလို့ကတော့ ငါတို့ကလည်း လက်ခံမှာ မဟုတ်ဘူး ! "

ဖုန်းချန်းယွီမှာ ဒေါသထွက်လွန်း၍ မျက်နှာများ ပြာလာတော့သည်။ ရှင့်သားက အဆင့်ငါးဆယ်လေးပဲ ၀င်တာကို ထိပ်တန်းကျောင်းသားတွေ ဘာတွေ လာပြောနေသေးတယ်။ ထိပ်တန်း ကျောင်းသားဖြစ်လာရင်တောင် ငါ့အဖေက အမတ်ချုပ်ကြီးဟဲ့ ။ နင်တို့ တစ်သက်လုံး ကြိုးစားရင်တောင် ငါ့တို့ကို ကျော်နိုင်မှာ မဟုတ်ဘူး !

ဖုန်းချန်းယွီသည် ထိုသို့ အော်ဟစ်ပစ်ချင်သော်လည်း အဖြူရောင်ပိုးထည်၀တ် လူတစ်ယောက်သည် အရှေ့ခြံ၏ စင်္ကြံလမ်းမှ ပန်းဥယျာဥ်ထဲသို့ ၀င်လာသည်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်၍ ပြောချင်သည်များကို မျိုချကာ အစွပ်စွဲခံရသည့်ဟန် ဟန်ဆောင်လိုက်ရင်း မျက်ရည်လေးများလည်း ၀ဲလာတော့သည်။ " ဒီလို ကိစ္စမျိုးက အဖေနဲ့ပဲ ပြောသင့်တာပါ။ သခင်မက စေတနာနဲ့ ပြောတာပေမယ့် ချန်းယွီက အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ မိန်းကလေးတစ်ယောက်သာသာပါ။ သခင်မက အဲ့လိုတွေ ပြောလာတော့ ချန်းယွီရဲ့ ဂုဏ်သိက္ခာက ဘယ်လိုတွေ ဖြစ်ကုန်ပါတော့မလဲ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now