၁၀၈ ။ လူအနေနဲ့ ရှုံးသွားတဲ့ဟာကို တစ္ဆေအနေနဲ့အနိုင်ရနိုင်မယ်လို့ ထင်နေတာလား

3.3K 372 3
                                    

ဖုန်းယွိဟန် ကျင်းယွီခြံ၀င်းသို့ လာခဲ့ရခြင်းအကြောင်းမှာ ညအချိန်တွင် ချန်မိသားစုမှ ဆေးပို့ရန် ရောက်လာမည်ကို သိနေခဲ့၍ ဖြစ်ပေသည်။ သို့ဖြစ်၍ ပြတင်းပေါက်မှ ခိုး၀င်သွားသည်ကို ဖုန်းယွိဟန် သတိမထားမိဘဲ မနေပါ ။

ဖုန်းယွိဟန် အလျင်အမြန် လှုပ်ရှားလိုက်သည်။ ကျန်နေသော လူငါးယောက်ကို ၀ိုင်းပတ်လိုက်ပြီးနောက် သူမ လက်ထဲရှိ အပ်လေးများကို ပစ်လွှတ်လိုက်တော့သည်။ နောက်ထပ် အနက်ရောင်၀တ်လူနှစ်ယောက်မှာ လဲကျသွားတော့သည်။

ကျန်နေသေးသော လုပ်ကြံသူများသည် နားမလည်နိုင်ဖြစ်သွားကြကာ ဖုန်းယွိဟန်က မည်ကဲ့သို့သော လက်နက်ပုန်းများကို သုံးနေသည်အား မသိနိုင်ဖြစ်နေကြပြီး တစ်ယောက်ကျောက်ို တစ်ယောက်ကပ်၍ အသင့်အနေအထား နေလိုက်ကြလေသည်။

အချိန်တစ်ခုကြာသည်အထိ သူမ၏ အနားသို့ ကပ်လာရဲသူ တစ်ယောက်မှ မရှိပေ ။

သို့သော်လည်း ပန်ကျိုးသည် အမှောင်ထဲမှ ရပ်ကြည့်မနေနိုင်တော့သည်ထင်အံ့ ၊ ၀ိညာဥ်တစ်ခုသဖွယ် ပျံထွက်လာကာ အပ်အချို့ထွက်ပေါ်လာပြီးနောက်တွင် ကျန်နေသူများအားလုံးမှာ ခဏတွင်းချင်း အသက်ပျောက်သွားကြတော့သည်။

ဖုန်းယွိဟန် ပန်ကျိုးအား ပုခုံးပုတ်ပေး၍ ပြောလိုက်သည်။ " အခန်းထဲကို သွားကြည့်ရအောင် ၊ တိုက်မယ်ဆိုရင်လည်း သတိထားပြီးတိုက်နော် ၊ ငါ့ဖို့ ဆေးပြန်လုပေးဖို့ မမေ့နဲ့ဦး ၊ မနက်ဖြန်ကြရင် ငွေတုံး ၂၅၀၀ နဲ့ရောင်းလို့ရတာပေါ့ "

ပန်ကျိုး ပြုံးလိုက်မိသည်။ ယနေ့တွင် သူ့သခင်က ချန်၀မ်လျန်ထံမှ ငွေတုံးနှစ်ထောင်တိတိ ငွေညှစ်ခဲ့တာဖြစ်သည် ! ထိုဆေးများက စျေးကြီးသည်ကို သူသိသည်။ သို့သော်လည်း ရာချီဆေးပင်ဆိုင်၌ ဘယ်လောက်စျေးနှင့် ရောင်းသည်ကိုလည်း သူ သိပေသည်။ တစ်လုံးလျှင် ငွေတုံးနှစ်တုံးမျှသာ ကျသင့်တာဖြစ်သည်ကို သခင်ကတော့ အဆပေါင်းရာချီတင်ပစ်လိုက်တာ ဖြစ်ချေသည်။ သူတို့ ၀ယ်သွားပြီးနောက်တွင်လည်း လူနာကို ဆေးမတိုက်နိုင်အောင် ဖြတ်လုနေပြီး နောက်မှ ပြန်ရောင်းမည်ဟု လုပ်နေပြန်လေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုМесто, где живут истории. Откройте их для себя