၁၆၁။ အပြင်လူတွေကတောင် သစ္စာရှိရှိနဲ့ ချစ်ခင်ပေးတယ် ၊ မင်းကရော ?

2.5K 293 15
                                    

ရွှမ်ထျန်းမင်တို့၏ ရထားလုံးက အရှိန်မှန်မှန်ဖြင့် ရက်အနည်းငယ်ကြာ ဆက်သွားခဲ့ပြီးနောက်တွင် မြို့တော်နှင့်နီးကပ်လာသည်။ တစ်ချိန်တည်းမှာပဲ ဖုန်းမိသားစုကလည်း မြို့တော်သို့ဦးတည်၍ ခပ်ဖြည်းဖြည်း ပြန်လာနေကြလေ၏။

ဖြည်းဖြည်းချင်း ပြန်လာနေရသည့်အကြောင်းမှာ စျာပနပွဲကျင်းပနေခြင်းကြောင့်ပင် ဖြစ်သည်။ တစ်မိသားစုလုံး၏ လှည်းများ၌ ပိတ်စဖြူများကို ချည်လို့ထားပြီး မြင်းများကိုပင် ပိတ်ဖြူများ ပတ်ပေးထားလေသည်။ လမ်းတစ်လျှောက်လုံးတွင် အစေခံများက စက္ကူစများကိုကြဲနေပြီး အလံဖြူများကိုလည်း ကိုင်ထားကြကာ အော်ဟစ်ငိုကြွေးနေကြသဖြင့် မြင်ရသူများကို ၀မ်းနည်းသွားစေသည်။

ယောင်ရှီက ဟူးအန်းချွမ် ၊ ၀မ်ချူအန်းတို့နှင့်အတူ တစ်လှည်းထဲတွင် ထိုင်နေတာဖြစ်ပြီး ပိတ်စအဖြူများကို တွေ့သည့်အခါ မကျေမနပ်ဖြစ်နေလေ၏။ " တိရစ္ဆာန်ထက်တောင် ဆိုး၀ါးတဲ့သားအတွက်ကို ဘာလုပ်ဖို့ တစ်ခမ်းတစ်နားနဲ့ စျာပနလုပ်ပေးနေသေးတာလဲ "

ဟူးအန်းချွမ် နှုတ်ခမ်းပင့်ကာ ပြုံးလိုက်သည်။ " သူတို့ပြောတာက ဒုတိယသခင်မလေးအတွက်ရော တစ်ခါတည်း လုပ်ပေးနေတာတဲ့လေ ၊ သခင်မလေးက သူတို့ကို လည်ပင်းလာညှစ်မှာ မကြောက်ဘူးလားမသိဘူး "

ဖုန်းယွိဟန်အကြောင်း ပါလာသည့်အခါတွင် ယောင်ရှီ မေးမိပြန်သည်။ " အားဟန် မသေဘူးဆိုတာ သေချာရဲ့လား "

၀မ်ချူအန်း ပြန်ပြုံးပြရင်း အာမခံပေးလိုက်သည်။ " သခင်မ စိတ်ချပါ ၊ ဒီအတိုင်း စိတ်အေးရအောင်ပြောနေတာ မဟုတ်ပါဘူး ၊ ပန်ကျိုးကိုယ်တိုင် ဒီသတင်းကို ပြန်ယူလာပေးတာပါ ၊ ဒုတိယသခင်မလေးက အခု အရှင့်သားရဲ့ ရထားလုံးထဲမှာ ရှိပါတယ် ၊ အရှင်မင်းသားခုနစ်လည်း အတူရှိနေတာပါ ၊ အချိန်ကိုတွက်ကြည့်ရင် သူတို့တွေ မကြာခင်မှာပဲ မြို့တော်ကို ပြန်ရောက်တော့မှာပါ "

ယောင်ရှီ သက်ပြင်းချလိုက်မိသည်။ " အခုမှပဲ စိတ်အေးနိုင်တော့တယ် ၊ အရှင့်သားက တကယ်ကိုပဲ စွမ်းအားကြီးတာပဲ ၊ ငါတို့တွေ ရက်အကြာကြီး ရှာတာကိုတောင် မတွေ့တဲ့ဟာကို အရှင့်သားရောက်လာတာနဲ့ အားဟန်ကို ချက်ချင်းပြန်ရှာတွေ့တော့တာပဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now