၁၂၉။ မမကြီး ဒီနေရာကို စျာပနပွဲလို့်များ ထင်နေတာလား ?

3.2K 416 9
                                    

ဖုန်းကျင်းယွမ် ကျောတစ်လျှောက်လုံး ချွေးများပြန်လာသည်ဟု ခံစားလိုက်ရကာ နားမလည်နိုင်တော့သဖြင့် ဖုန်းယွိဟန်အား လှမ်းကြည့်မိလိုက်သည်။ ဧကရာဇ်ကြီးသာ ရှိမနေခဲ့ဘူးဆိုပါက သူ သေချာပေါက် ဘာတွေဖြစ်နေတာလဲဟူ၍ အော်မေးပြိီးနေလောက်ပြီဖြစ်သည်။

မူလတွင် သူ့ထံ၌ပါလာသည့် လက်ဆောင်မှာ သာမန်ပစ္စည်းတစ်ခုသာ ဖြစ်ပေသည်။ ချန်မိသားစု၏ အကူအညီမရှိသဖြင့် ဖုန်းမိသားစုသည် တကယ်ကိုပင် စိတ်၀င်စားဖွယ် ရတနာများကို မရှာနိုင်ခဲ့ပေ ။ သို့သော်ငြား ဖုန်းယွိဟန်သည် ဇာမဏီဆံထိုးကို လက်ခံပြီးနောက်တွင် သူ့ထံသို့ ခိုးကြောင်ခိုး၀ှက်လာကာ ဤသို့ပြောခဲ့လေသည်။ " အားဟန်မှာ ပါရှန်းဆရာကြီးဆီကနေ ရခဲ့ဖူးတဲ့ ရတနာတစ်ခု ရှိပါတယ် ၊ အဖေက ထူးဆန်းတဲ့ရတနာပစ္စည်းကို ရှာမတွေ့ခဲ့တာကိုလည်း သိထားပါတယ် ၊ ဒါကြောင့် အဖေ ဒါလေးကို ယူလိုက်ရင်ရော ဘယ်လ်ိုပါလဲ ၊ ဒါလေးက တကယ်ကိုရှားပါးတဲ့အရာလေးပါ ၊ အဖေ ဒါလေးကိုပဲ ဖုန်းမိသားစုတစ်စုလုံးရဲ့ ကိုယ်စားပြုအဖြစ်နဲ့ ဆက်သလိုက်ပါ ၊ ဧကရီမယ်မယ်လည်း သေချာပေါက် နှစ်သက်မှာပါ "

ထို့နောက် ဖုန်းယွိဟန်က ခုနစ်ရောင်ခြယ်ကျောက်မျက်ရတနာ၏ အကြောင်းများကို ရှင်းပြခဲ့လေသည်။

ဖုန်းယွိဟန်၌ ပစ္စည်းကောင်းများရှိသည်ကို သိထားတာဖြစ်၍ ဖုန်းကျင်းယွမ်သည် သူမကို သံသယမ၀င်ခဲ့ပေ ။ ပွဲတော်သို့မလာခင်တည်းက ဖုန်းယွိဟန်အား လက်ဆောင်ဆက်သရန် သင့်လျော်သည့် ပစ္စည်းရှိမရှိကို မေးချင်ခဲ့တာဖြစ်သော်လည်း မေးရမည်ကို ရှက်နေခဲ့တာဖြစ်သည် ။ သို့ဖြစ်၍ ဖုန်းယွိဟန်ဘက်က ကိုယ်တိုင်စပြောလာသည့်အခါတွင် တွေဝေနေခြင်းမရှိဘဲ ချက်ချင်းလက်ခံလိုက်ပြီး ၀တ်ရုံလက်ထဲကို ထိုးထည့်ထားခဲ့တာဖြစ်သည်။ ၄င်းအပြင် ဖုန်းယွိဟန်က ထိုပစ္စည်းအား အများမြင်သွားပါက ရုတ်ရုတ်သဲသဲဖြစ်သွားမည်ဟု ဆိုခဲ့သဖြင့် ဖုန်းကျင်းယွမ်မှာ သေတ္တာကိုပင် ဖွင့်မကြည့်ဖြစ်ခဲ့ချေ ။

သို့သော်လည်း ယခုကြည့်ရသည်မှာတော့ ဒုတိယသမီးထံမှ သူ လှည့်စားခံလိုက်ရပြီ ထင်အံ့ ။ ထင်ရုံတင်မဟုတ်ဘဲ အတိအကျပင် ဖြစ်နေလောက်သည်။ ဧကရာဇ်ကြီးသည် ယနေ့တွင် ဒေါသထွက်နေခဲ့ပြီး အမျက်ပြေသွားကာ စိတ်ကြည့်နေသည့်ပုံ ပေါက်နေသော်လည်း ဖုန်းကျင်းယွမ်သည် အမတ်တစ်ယောက်ဖြစ်လာသည်မှာ နှစ်ချီကြာနေပြီဖြစ်၍ ဧကရာဇ်ကြီး၏ စရိုက်သဘာ၀ကို ကောင်းကောင်း နားလည်နေပေသည်။ ဧကရာဇ်ကြီးက အမျက်ပြယ်သွားပြီဟု ထင်နေရသော်လည်း တကယ်တမ်းတွင် ရင်ထဲ၌ အမျက်ဒေါသများ ရှိနေဆဲဖြစ်၍ သူ့ထံသို့ ဒေါသပုံချလာပါက ပို၍ကြောက်စရာ ဖြစ်သွားလောက်ပေသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now