၇၂။ လှည့်စားခံလိုက်ရပြီ

3.3K 388 6
                                    

ဖုန်းယွိဟန် ဖုန်းချန်းယွီအား မျက်လုံးထောင့်မှ စွေကြည့်လိုက်ကာ ပြုံးလိုက်သည်။

တကယ်ရော အဲ့လို ဟုတ်ရဲ့လား။

" မမကြီး ၊ အားဟန်တို့က အတူတူပါပဲ။ "

နှစ်ဦးသည် လမ်းဆုံလေးကို ရောက်သည့်အခါ တစ်လမ်းစီ ခွဲသွားလိုက်ကြသည်။ ဖုန်းယွိဟန် ချန်ရှီနေသည့် နေရာသို့ လှမ်းကြည့်လိုက်သော်လည်း ဟူးအန်းချွမ်ကို မမြင်မိ၍ သခင်မကြီး၏ အခန်းသို့သာ ဆက်သွားလိုက်သည်။

သူမ ရောက်သွားသည့်အခါ သခင်မကြီးသည် ယောင်ရှီ ၊ အန်းရှီတို့နှင့် စကားပြောနေလေသည်။ သခင်မကြီး၏ စကားပြောနေသံကိုပါ ကြားလိုက်ရသည်။  " ရှောင်ကျိုးက ယဲ့မိသားစုဆိုမှပဲ သူတို့က တကယ်ကို တာ့ရွှမ်းအတွက် ဂုဏ်ယူရတဲ့သူတွေပဲ ။ ချန်းရော့ ၊ ညည်းက မင်းသမီးကြီး ၀မ်ရွှမ်းနဲ့ ရင်းနှီးနေတော့ ကောင်းသားပဲနော်။ "

ယောင်ရှီသည် သခင်မကြီးက သူမအား ဖုန်းဇီဟောင်အတွက် ပြောပေးဖို့ကို အလိုရှိနေတာဖြစ်သည်ကို သိသော်လည်း မပြောပေးချင်ပါ။ သို့ဖြစ်၍ အတင်းဖျစ်ညှစ်သာ ပြုံးပြလိုက်ပြိိး ဘာမှ ပြန်မပြောဖြစ်။

သခင်မကြီးသည် ရှက်သွားတော့သည်။ သူမ အပြင်သ်ို့ ကြည့်မိသည့်အခါ ဖုန်းယွိဟန် ၀င်လာသည်ကို တွေ့၍ ပြုံးပြလေသည်။ " မြေးမလေး ၊ ဒ်ီကိုလာလေ။ "

ဖုန်းယွိဟန် ရှေ့သို့ တ်ိုးသွားလိုက်သည်။ ယောင်ရှီ၏ နောက်မှ ၀မ်ချူးအန်း၏ အဆင်ပြေသည်ဟူသော အကြည့်ကို လှမ်း၍မြင်လိုက်ရသည်။ ကြည့်ရသည်မှာ ယောင်ရှီသည် သခင်မကြီးဆီကိုသာ အရင်လာခဲ့သည့်ပုံပင်။ ဟူးအန်းချွမ်ကို မတွေ့ခဲ့ရသည်မှာ မထူးဆန်းတော့။

" ဖွားဖွားရဲ့ ခါးကရော အဆင်ပြေရဲ့လားဟင် ။ " ဖုန်းယွိဟန် ပြုံးလျက်ဖြင့် မေးကာ စားပွဲပေါ်ရှိ အချိုမုန့်များကို ကြည့်လိုက်သည်။ " ဒီမုန့်တွေက ဘုရားကျောင်းကလားဟင်။ ကြည့်ရတာ တော်တော်လေး ကောင်းမယ့်ပုံပဲနော်။ "

သခင်မကြီးသည် ပြုံးကာ ခေါင်းခါပြသည်။ " ဘုရားကျောင်းမှာက ဒီလောက်ကောင်းတဲ့ အချိုမုန့်တွေ ဘယ်ရှိမှာလဲ။ ဒါတွေက အားဟန်ရဲ့ ကိုယ်လုပ်တော်အမေက အိမ်တော်ကနေ ယူလာတာတွေလေ။ " ပြောရင်းဖြင့် သခင်မကြီးသည် ဖုန်းယွိဟန်အား မုန့်တစ်ခုကမ်းပေးလေသည်။ " ရော့ ၊ စားကြည့်ကြည့်လေ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now