၁၆၄။ ငါ့အသက်ကိုပြန်ပေး !!!

2.8K 286 4
                                    

ဖုန်းယွိဟန် အခြားဘာကိုမှ မလုပ်နိုင်တော့ဘဲ မနက်စာကို အမြန်စားပြီးနောက်တွင် အပျိုတော်များ၏ အကူအညီဖြင့် အင်္ကျီများကိုလဲလိုက်ရသည်။ " ငါ ဧကရီမယ်မယ်နဲ့ သွားတွေ့တယ်လို့ ကြင်ယာတော်မယ်တော်ကို စကားပါးပေးပါဦး "

အပျိုတော်လေးက သူမ သိပြိိီဖြစ်ကြောင်း ပြန်ဖြေပြီးနောက်တွင် အ၀တ်အစားများ သပ်သပ်ရပ်ရပ်ဖြစ်အောင် သေချာပြင်ပေးသည်။ ပြီးနောက်တွင် ဖုန်းယွိဟန်လည်း ကုန်းကုန်း၏နောက်သို့ လိုက်သွားလိုက်တော့သည်။

ဖုန်းယွိဟန်အား ဘယ်သူမှ မမြင်တာ သေချာအောင် ဝေါယာဥ်အား ဆောင်းလ၀န်းနန်းဆောင်ထဲထိ ခေါ်ထားတာဖြစ်သည်။ သူမ အိပ်ဆောင်ထဲမှ ထွက်လိုက်သည်နှင့် ဝေါယာဥ်ပေါ်သို့ ချက်ချင်းတန်းတက်လိုက်ရသည် ။ ထို့နောက် သန်သန်မာမာ ကုန်းကုန်းများက ဝေါယာဥ်ကို မ,လိုက်ကြကာ ဧကရီ၏နန်းဆောင်သို့ ဦးတည်လိုက်ကြသည်။

ဖုန်းယွိဟန် ရောက်သွားချိန်တွင် ဧကရီက ခန်းမဆောင်တွင်းရှိ အပူပေးထားသောနေရာအနီးတွင် ရှန်၀မ်ဖေးနှင့်အတူ ထိုင်နေလေသည်။ ရှန်၀မ်ဖေးက ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေသဖြင့် သူမဘာသာပင် မထိုင်နိုင်ရှာပဲ အစေခံတစ်ယောက်ကို မှီထားရသည် ။ ဧကရီက သူမကို ဖျောင်းဖြနေလေ၏။ " လှဲနေလည်း အဆင်ပြေပါတယ်ဆို ။ ကလေးမလေးဟန်က ရောက်လာတာနဲ့ မင်းရဲ့ရောဂါကို ချက်ချင်းကြည့်ပေးလိမ့်မယ် "

ရှန်၀မ်ဖေးက ခေါင်းမာမာဖြင့် ခေါင်းခါပြသည်။ " ဧကရီမယ်တော့်ကို ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ညီမတော်နဲ့ ပထမဆုံးတွေ့ရမှာကို နေမကောင်းဖြစ်နေတာနဲ့ပဲ ထိုင်မနေဘူးဆိုရင် မကောင်းပါဘူး "

ဧကရီလည်း သက်ပြင်းကို ဖွဖွချလိုက်မိသည်။ " သူမက သမားတော်ပဲလေ ။ ဘယ်လိုလုပ် လူနာတွေရဲ့အကြောင်းကို နားမလည်ပဲနေမှာလဲ ။ မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား ။ "

ရှန်၀မ်ဖေးက ခေါင်းတွင်တွင်ခါကာ ဆက်၍ထိုင်နေလေသည်။

သို့ဖြစ်၍ ဖုန်းယွိဟန်လည်း သုတ်ခြေတင်၍ လျှောက်သွားလိုက်ပြီး ထိုနှစ်ဦး၏ရှေ့တွင် ဒူးထောက်လိုက်သည်။ " အားဟန် မယ့်မယ့်ကို နှုတ်ခွန်းဆက်ပါတယ် ။ မယ်မယ် သက်တော်ရာကျော် ရှည်ပါစေ ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now