၅၈။ သစ္စာဖောက်

3.6K 405 4
                                    

ချန်ရှီသည် လန့်သွားကာ ခြေလှမ်းအနည်းငယ်ပင် နောက်သို့ဆုတ်မိသွားတော့သည်။ အသံများကလည်း တုန်ယင်လို့နေသည်။ " ဘယ်လိုလုပ်ပြီး ကျွန်မက ငွေတွေကို ဝှက်ထားလို့ရမှာလဲ။ ဒီလောက်ကြီးတဲ့ ဖုန်းအိမ်တော်အတွက် ကုန်ကျစရိတ်ဆိုတာ ဘယ်လ်ိုလုပ်နည်းမှာလဲ။ ငွေတွေအားလုံးကို အိမ်တော်အတွက်ပဲ သုံးခဲ့တာပါ။ ပြီးတော့...ပြီးတော့ ခုနကပြောတဲ့ ငွေတုံး ငါးသောင်းကနေ ခြောက်သောင်းဆိုတာက ဒေါသထွက်လို့ ပြောမ်ိသွားတာ။ ဟုတ်တယ် ! " ချန်ရှီသည် အကြံရသွားကာ " အဲ့ကောင်မလေးကြောင့် ကျွန်မ ဒေါသထွက်သွားတာ ! ဒေါသထွက်လွန်းလို့ စကားကောင်းကောင်းမပြောနိုင်တော့တာ ! သခင်ကြီး ၊ သခင်ကြီး ကျွန်မရဲ့ အကြောင်းကို ကောင်းကောင်းသိပါတယ်။ ကျွန်မက ဒေါသထွက်လာရင် အကုန်လျှောက်ပြောနေတက်တာပဲမဟုတ်ဘူးလား။ ပြောရုံပဲပြောလိုက်တာပါ၊ ဘယ်သူ့အကျိုးက်ိုမှ ထိခိုက်စေလိုတဲ့ စိတ်မပါဘူးဆိုတာကို သိတယ်မဟုတ်လား။  " ဟုပြောလိုက်သည်။

ဖုန်းကျင်းယွမ်သည်လည်း ထိုသည်က အမှန်ဆိုသည်ကို သိသည်။ ချန်ရှီသည် ဉီးနှောက်မရှိသည့်သူဖြစ်သည်။ ဒေါသထွက်လာလျှင် အဓိပ္ပာယ်ရှိသည်မရှိသည်ကို မစဉ်းစားတော့ဘဲ လျှောက်အော်နေတက်သည့် အကျင့်ရှိလေသည်။ သို့ဖြစ်၍ ဖုန်းကျင်းယွမ် နည်းနည်းတော့ ယုံမိမလို ဖြစ်သွားတော့သည်။

ဖုန်းယွိဟန်ကတော့ ပျာယာခတ်သွားခြင်းမရှိ။ " ရပါတယ်လေ။ ဒီနေ့ အားဟန် အပြင်သွားတုန်းက မင်းသားယွီနဲ့ တွေ့လာခဲ့သေးတယ်။ အရှင့်သားက အားဟန် ဆိုင်တွေကို စီမံရလို့ ပင်ပန်းနေတာကိုတွေ့လို့ မနက်ဖြန်ကျရင် စာရင်းတွေကို ကူစစ်ပေးဖို့ လူလွှတ်ပေးလိုက်မယ်လို့ ပြောတယ်။ စာရင်းတွေ အားလုံးစစ်ပြီးသွားရင်တော့ အမေလည်း အပြစ်ကင်းကြောင်းကို သက်သေပြလို့ ရသွားတာပေါ့။ "

" ဒုတိယ ညီမ ! " ဖုန်းချန်းယွီသည် သူမသာ ၀င်မပါလျှင် မိခင်ဖြစ်သူ၏ နေရာသည် ထိန်းသိမ်းထားဖို့ရန် ခက်ခဲတော့မည်ဟု ခံစားမိသွားတော့သည် ! ချန်ရှီသာ မရှိတော့လျှင် သူမသည် ဘယ်လိုများ တရားဝင်သမီးဖြစ်နိုင်ပါတော့မလဲ။ " အမေ မှားတာရှိရင်လည်း မမကြီးကပဲ အခုချက်ချင်း တောင်းပန်ပါ့မယ်။ ပိုက်ဆံတွေအတွက်ကတော့..." ဟူ၍ ပြောနေရင်း ဖုန်းကျင်းယွမ်ဘက်သို့ လှည့်လိုက်ပြန်ကာ " အဖေသာ သမီးကို သနားလို့ နားလည်ပေးမယ်ဆိုရင် သမီး လက်ထပ်ဖို့ အိမ်ကထွက်သွားတဲ့အခါကျရင် ထည့်ပေးလိုက်မယ့် ခန်းဝင်ပစ္စည်းတွေကို သုံးပြီး ဒုတိယညီမကို အစားပြန်ပေးလိုက်လို့ရမလားဟင်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now