၁၆၀။ စိတ်ရှုပ်ဖို့ကောင်းတဲ့ မထင်မရှား ပြိုင်ဘက်ကောင် ပုကုံး

2.4K 282 11
                                    

ဖုန်းယွိဟန် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ " အစ်ကိုတော်ခုနစ်သာ ၀မ်ချူအန်းတို့ လက်မောင်းအဖြုတ်မခံရအောင် ကူပြောပေးမယ်ဆိုရင် အားဟန် ပြောပြမယ်လေ "

ရွှမ်ထျန်းမင် မနေနိုင်တော့ဘဲ ဖုန်းယွိဟန်၏ပါးလေးများကို ညှစ်လိုက်မိသည်။ " မင်းက ကိုယ်နဲ့ ဘယ်လိုညှိနှိုင်းရမယ်ဆိုတာကို တတ်နေပြီပေါ့လေ ဟမ် ? "

ဖုန်းယွိဟန် ပျော်ပျော်ကြီး ပြုံးလိုက်မိသည်။ ပါးကိုအညှစ်ခံထားရသော်လည်း မနာဘဲ နည်းနည်းလေးသာ ရှက်ဖို့ကောင်းနေတာဖြစ်သည်။ " တကယ်ပြောတာ ၊ သူတို့ကို အပြစ်မတင်နဲ့လို့ ၊ ရှင် ဒေါသထွက်နေဖို့လည်း မလိုပါဘူးဆို ဟုတ်တယ်နော် ? " ဟုဆိုကာ ဖုန်းယွိဟန်က ရွှမ်ထျန်းဟွာကို လှမ်း၍ စစ်ကူတောင်းပြန်လေသည်။ " ဖုန်းမိသားစုအိမ်က အိပ်ခန်းထဲက ခုတင်အောက်မှာ မြေအောက်ခန်းရှိနေတာနဲ့ ဖယောင်းတိုင်က ပြဿနာရှိတာကိုလည်း သတိထားလိုက်မိလို့ ခုတင်အောက်ဆင်းပြီး ၀င်ပုန်းနေလိုက်တာ ၊ ပြီးတော့ သတိမေ့သွားတော့တာပဲ ၊ နိုးလာတော့ အစ်ကိုတော်ခုနစ်ရဲ့အသံကိုကြားလိုက်တာနဲ့ မြေအောက်ခန်းထဲက ပြန်တက်လာတာ "

ရွှမ်ထျန်းဟွာ ဖုန်းယွိဟန်အား ပြုံး၍ကြည့်နေလိုက်သော်လည်း ဘာမှတော့ မပြောဖြစ်လိုက်ပေ ။

ခုတင်အောက်က မြေအောက်ခန်းလား ? သူကိုယ်တိုင်ရှာခဲ့တဲ့နေရာကို သူက ဘယ်လိုလုပ် သေချာမသိဘဲနေမှာလဲ ။ သူမ၏ ဟာကွက်များကို သူ မဖော်ထုတ်လိုက်ချင်ရုံသာ ။ သူမက ဖုံးကွယ်ထားချင်မှတော့ သူလည်း အလိုက်သင့်နေပေးလိုက်ရုံသာရှိသည်။

ရွှမ်ထျန်းဟွာ သက်ပြင်းဖွဖွ ချလိုက်မိသည်။ ကိုးရိုးကားရားနိုင်သည့် ရွှမ်ထျန်းမင်က သည်ကောင်မလေးအား ဤမျှထိ အလိုလိုက်နေသည်က မထူးဆန်းတော့ပေ ။ တစ်ယောက်ယောက်ကို အလိုလိုက်ပေးရတာက အတော်လေးကောင်းသည့် ခံစားချက်ဖြစ်သည်ကို သူလည်း သိလိုက်ရပြီဖြစ်သည်။

" လျှို့၀ှက်ကိုယ်ရံတော်တွေက အဲ့လောက်တော်နေတယ်ဆိုရင် ကိုယ်က ဘာလုပ်ဖို့ ဒီအထိလာနေဖို့ လိုဦးမှာလဲ " ရွှမ်ထျန်းမင်က ထိုကိစ္စကို အခဲမကြေသေးပေ ။ " ဒီလိုဆိုရင်ရော ဘယ်လိုလဲ ၊ ကိုယ်မင်းကို နောက်ထပ်လူအသစ်ပေးမယ်လေ ၊ ပိုင်ဇျယ်ဆိုရင်ရော ဘယ်လိုလဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now