၁၆၈။ ရှန့်ကျူဘွဲ့ကို ကွာရှင်းခွင့်နဲ့ လဲချင်ပါတယ်

2.3K 289 15
                                    

ဖုန်းယွိဟန်က ဧကရာဇ်ကြီးအား ညှိနှိုင်းရဲမည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ ။ သူမကိုပေးတဲ့ ဆုလာဘ်ကို တကယ်ကြီး လဲချင်နေတာတဲ့လား ။

ဖုန်းယွိဟန်ရူးသွားပြီဟု ထင်သွားသည့် ရှန်၀မ်ဖေးက ၀င်ဖျောင်းဖြမည်အလုပ်တွင် ဧကရာဇ်ကြီး၏ မိန့်ကြားသံကို ကြားလိုက်ကြရသည်။ " မင်းက ရှန့်ကျူဘွဲ့ကို မလိုချင်ဘူးလား ၊ ဒါဆိုရင် ဘာလိုချင်တာလဲ "

ဖုန်းယွိဟန် ထရပ်ကာ ဧကရာဇ်ကြီးနှင့် အတန်ကြာသည်အထိ အကြည့်ချင်းဆုံနေလိုက်သည်။ တိတ်ဆိတ်နေခြင်းက အချိန်တစ်ခုကြာသည်အထိ ကြီးစိုးသွားပြီးနောက်တွင် သူမ ပြန်ဖြေလိုက်သည်။ " အားဟန်ရဲ့မိခင် ယောင်ရှီအတွက် နှစ်ဦးသဘောတူကွာရှင်းခွင့်ကို အားဟန် လိုချင်ပါတယ် "

" ဘယ်လို ? " ရှန်၀မ်ဖေးက အလွန်အံ့သြသွားလေသည်။ " အားဟန် ဘယ်လိုဖြစ်ပြီး အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ "

ဖုန်းယွိဟန် ခေါင်းခါကာ ပြန်ငြင်းလိုက်သည်။ " အားဟန် မဟုတ်တာ ပြောနေတာ မဟုတ်ရပါဘူး ၊ တာ့ရွှမ်းပြည်မှာ တကယ်ပဲ နှစ်ဦးသဘောတူ ကွာရှင်းတာမျိုးရှိပါတယ် ၊ အားဟန်ရဲ့အမေက စိတ်မချမ်းမသာနဲ့ နေနေရတာမို့ အားဟန်က ကွာရှင်းခွင့်ကို တောင်းဆိုနေတာပါ ၊ ခမည်းတော် ဖြည့်ဆည်းပေးနိုင်မယ်လို့ အားဟန် မျှော်လင့်မိပါတယ် " ပြောပြီးနောက်တွင် ဖုန်းယွိဟန် ဒူးထောက်လိုက်ပြီး ဦးခေါင်းနှင့်ကြမ်းထိသည်အထိ ၀မ်တွားချလိုက်သည်။ 

ဧကရာဇ်ကြီးသည် ဖုန်းယွိဟန်အား ဘာမှပြန်မဖြေနိုင်ဘဲ ကြည့်နေမိသည်။ သူသည်ပင် ထိုကောင်မလေးက ယခုလိုတောင်းဆိုလာမည်ဟု မမျှော်လင့်ထားခဲ့ချေ ။ ဆုလာဘ်ကို လဲချင်တယ်ဟု ဆိုလာချိန်တွင် ဘာကိုလိုချင်၍ ထိုသို့ပြောတာ ဖြစ်လောက်မလဲဟု တွေးမိလိုက်သော်လည်း အမေဖြစ်သူရဲ့ လွတ်လပ်မှုကိုလိုချင်နေရုံဟုတော့ လုံး၀ မထင်ထားခဲ့မိပေ ။

ကျောက်ဟယ်ခန်းမဆောင်ထဲ၌ တိတ်ဆိတ်လွန်းနေသည်မှာ နှလုံးခုန်သံကိုပင် ပြန်ကြားနေရလောက်သည့်အထိ ဖြစ်ပေသည်။ ဖုန်းယွိဟန်ကမထဘဲ ဧကရာဇ်ကြီးက လက်ခံမလား ငြင်းဆိုမလားကို ငြိမ်ငြိမ်လေးစောင့်နေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now