၉၆ ။ အရှင့်ရဲ့ အိမ်တော်မှာ တစ်စုံတစ်ခု ဖြစ်သွားပါပြီ

3.7K 397 12
                                    

တင်းအန်းအရှင်၏ ရိုင်းပျမှုကြောင့် ဖုန်းကျင်းယွမ်က မကျေမနပ်ဖြစ်သွားကာ ထရပ်၍ " အရှင် ၊ ကျေးဇူးပြုပြီး ဆင်ခြင်ပေးပါ။  " ဟုဆိုသည်။

တင်းအန်းအရှင်က ထိုအခါမှ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ကာ ဖုန်းယွိယန်အား ပြောလေသည်။ " ခဏလေးနေပါဦး ၊ ဒုတိယသခင်မလေးဖုန်း ။ ကျုပ်မှာ တကယ်ပဲ တောင်းဆိုစရာရှိတာပါ ။ ဒုတိယသခင်မလေးဖုန်း ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား။"

" ကျွန်မလို မထင်မရှား ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်က ဘာများ ကူညီပေးနိုင်မှာပါလဲ ၊ အရှင် ။ "

" အဲ့တာက .... " တင်းအန်းအရှင်က ရှက်ရွံ့နေလေ၏။ ထိုနေ့က ချင်လဲ့ပြောခဲ့သည့် စကားများက ဆိုး၀ါးလွန်းကာ ဖုန်းယွိဟန်ကလည်း ချင်လဲ့ကြောင့် နစ်နာခဲ့သူဖြစ်သည်။ ထိုသည်ကို ချင်လဲ့အား ကူညီပေးရန် တောင်းဆိုရမည်က သိပ်တော့ မမှန်ကန်ပေ ။ ဒါပေမယ့်လည်း သမီးဖြစ်နေသောကြောင့် ဘယ်လောက်ပင် ဒေါသထွက်ထွက် ထွက်လမ်းကို ရှာပေးမှရမည်ဖြစ်၏။ " ဒုတိယသခင်မလေးဖုန်း ကျေးဇူးပြုပြီး အရှင်မင်းသားချွင်းကို သတင်းမပို့ခိုင်း .....အဲ့နေ့က ဖြစ်ပျက်ခဲ့တာတွေကို အရှင်မင်းကြီးထံ သတင်းမပို့ဖို့ ပြောပေးနိုင်မလား ။ " ချင်လဲ့ကြောင့် ရှိသမျှ သိက္ခာတွေလည်း ရေထဲမျောကုန်ပြီဟု တင်းအန်းအရှင်က တွေးနေလေ၏။

သို့သော်လည်း ဖုန်းယွိဟန်က နားမလည်ဟန်ဖြင့် ပြန်မေးလေသည်။ " အဲ့နေ့က ဖြစ်ပျက်ခဲ့တာတွေ ? ဘယ်နေ့ကလဲ ? ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ? "

တင်းအန်းအရှင်က စိတ်ဓာတ်ကျသွားလေသည်။ " မင်းသမီးကြီးရဲ့ မွေးနေ့ပွဲတော် ကျင်းပတဲ့နေ့က ....ပန်းခြံအနောက်ထဲမှာ ဖြစ်ပျက်ခဲ့တာကိုပါ။ "

" ဪ ၊ သမ်ီးတော်ချင်လဲ့က ယောက်ျားတစ်ယောက်နဲ့  ရေအတူချိုးနေတာကို အားလုံးမြင်သွားကြတဲ့ ကိစ္စလား ။ "

ဖုန်းယွိဟန်၏ စကားများကြောင့် တင်းအန်းအရှင်မှာ ဒေါသ​ထွက်ကာ မူးလဲချင်သွားလေ၏။ သိနေရင်ရပြီလေ ၊ အဲ့လိုကြီး ထုတ်ပြောဖို့အထိ လိုလို့လားဟု စိတ်ထဲမှလည်း တွေးနေလေ၏ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုDonde viven las historias. Descúbrelo ahora