၁၃။ သဘောထားကွဲလွဲကြခြင်း

4K 452 2
                                    

ထိုသို့တွေးလိုက်ပြီးနောက် ဖုန်းယွိဟန် ချန်ရှီဘက်သို့ အနည်းငယ် လှည့်လိုက်ကာ " အမေချန် အားဟန်နဲ့ အဖေက အမေ မြန်မြန်လေးသက်သာလာဖို့ ဆုတောင်းပေးနေပါ့မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ အဲ့နှစ်က ချန်မိသားစုက အဖေ့အတွက် ကူညီပေးခဲ့တာကို အဖေ မေ့မသွားရအောင် အားဟန် တာ၀န်ယူပါ့မယ်။ " ဟု ပြောလိုက်သည်။ ငါ ဘယ်လောက်ထိ မွှေနိုင်မလဲလို့ ကြည့်လိုက်ကြစမ်းပါ။

" တော်လောက်ပြီ ! " ဖုန်းကျင်းယွမ် နောက်ထပ်မကြားချင်တော့ပေ။ အမှန်မှာ သူတို့အိမ်သည် မြို့တော်၌ မျိုးရိုးစဥ်ဆက်ချမ်းသာလာကြခြင်း မဟုတ်။ ထိုနှစ်က သူသည် နန်းတွင်းစာမေးပွဲ၌ အကောင်းဆုံး ကြိုးစားခဲ့ကာ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး ထိုမှစ၍ ညီလာခံ၌ ဒုက္ခအနည်းငယ်ခံခဲ့ရရင်း အောင်မြင်မှုရလာခဲ့ကာ မိသားစုသည် ယနေ့အခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်။

ဖုန်းယွိဟန် ဆိုလိုက်သည့်ကိစ္စမှာ အမှားမပါပေ။ နန်းတွင်းစာမေးပွဲ ကျင်းပခါနီးအချိန်တုန်းက ဖုန်းမိသားစုသည် ငွေရေးကြေးရေး အခက်အခဲများရှိနေပြီး သူ့အား ပညာသင်စရိတ်ထောက်ပံ့ရန်အတွက် မတတ်နိုင်ခဲ့ပေ။ တစ်ရွာတည်းနေသည့် ကုန်သည်ချန်မိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သူက သူ့အား ကူညီခဲ့၍ နန်းတွင်းစာမေးပွဲ၌ ၀င်ရောက်ဖြေဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ချန်ရှီသည် ရွာ၌ ကျန်ရစ်ခဲ့သည့် အမျိုးသမီးကြီးအားလည်း စောင့်ရှောက်ထားပေးခဲ့သည်။ သို့သော်ငြား သူသည် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်လာသည့်အခါ၌ နန်းတွင်းသမားတော်ယောင်၏ သမီးဖြစ်သူ ယောင်ရှီအား တောင်းရမ်းလက်ထပ်ခဲ့သည်။

ထိုသည်က ဖုန်းမိသားစုမှ ချန်မိသားစုအား တင်နေသည့် အကြွေးဖြစ်သည်။ ဒါပေမယ့် နောက်ဆုံးတွင် ချန်ရှီအား ပဏာမဇနီးနေရာသို့ မြှင့်တင်ပေးခဲ့သည် မဟုတ်ပါလား။ ထိုအကြွေးသည် ဘယ်တော့မှ ဆပ်မကုန်မည့် အကြွေးဖြစ်နေသည်လား?

" အတိတ်က ကိစ္စတွေကို ပြန်ပြောမနေသင့်တော့ဘူး ! "

ထိုသို့ပြောသည်ကို ချန်ရှီကြားရသည့်အခါ စိတ်လွတ်သွားပြန်တော့သည်။ " သခင်ကြိိီး ဘာကိုဆိုလိုတာလဲ ? ချန်မိသားစုက ဖုန်းမိသားစုကို ကူညီခဲ့တာက တကယ်ရောမဟုတ်လို့လား ? "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now