၇၀ ။ ဦးရီးတော် ဧကရာဇ်ကိုပြောပြီး ဒီ၀က်မကြီးကို အသေသတ်ခိုင်းလိုက်မယ်

3.8K 432 11
                                    

၀မ်ချူးအန်းသည် ဖုန်းယွိဟန်၏ ဘေးသို့တိုးကာ တိုးတိုးလေးကပ်၍ ပြောပြသည်။ " အဲ့ဒီ မိန်းကလေးက ၀မ်ရွှမ်းနန်းတော်က ကျွင်းကျူ ၀ူယန်းပါ ၊ မွေးနာမည်ကတော့ ရွှမ်ထျန်းကောလို့ ခေါ်ပါတယ်။  " နည်းနည်းလောက် စဥ်းစားလိုက်ရင်း ထပ်ဖြည့်၍ ပြောပြလာသည်။ " မင်းသား ၀မ်ရွှမ်းက ဧကရာဇ်ရဲ့ အမွှာညီတော်ဖြစ်ပြီး သက်ရှိထင်ရှားရှိနေတဲ့ တစ်ဦးတည်သော ညီအစ်ကိုပါ။ "

ဖုန်းယွိဟန် နားလည်သွားတော့သည်။ ထိုမိန်းကလေးက ဤမျှရဲတင်းနေသည်မှာ မထူးဆန်းတော့။

ဖုန်းကျင်းယွမ်သည်လည်း စိတ်ကို အသင့်ပြင်ထားပြီးမှသာ ဆင်းလာတာဖြစ်သည်။ ချန်ရှီမှ ဖုန်းအိမ်တော်၏ နာမည်ကို ထုတ်သုံးပြီး အာဏာပြသည်ကိုတောင် တစ်ဖက်လူက သူမအား စဥ်စားဆင်ခြင်ဉာဏ်မရှိဟု ဆူပူလာခြင်းသည် ဖြစ်နိုင်ချေနှစ်မျိုးသာ ရှိတော့သည်။ ပထမ ဖြစ်နိုင်ချေသည် တစ်ဖက်လူက မြို့တော်မှ မဟုတ်ဘဲ ကျန်းဟူနယ်တစ်၀ိုက်မှဖြစ်ကာ ဖုန်းအိမ်တော်အကြောင်းကို မသိသည့်သူဖြစ်ကာ ဒုတိယဖြစ်နိုင်ချေကတော့ ဖုန်းကျင်းယွမ်  မဖြစ်စေချင်ဆုံး အရာ ဖြစ်လေသည်။ တစ်ဖက်လူက သူ့ထက်ပင် အဆင့်အတန်းမြင့်သည့် သူဖြစ်နေခြင်းပင်။

သူ၏ ၀န်ကြီးချူပ်ရာထူးသည် အဆင့်အမြင့်ဆုံး ဖြစ်၍ သာမန် မှူးမတ်များ ၊ စစ်သူကြီးများအား မျက်လုံးထဲပင် ထည့်မထားပါ။

သို့သော်လည်း ဖုန်းကျင်းယွမ် လုံး၀ အပြစ်ပြု၍ မရသည့် လူတန်းစားတစ်စုကတော့ ရှိနေသေးလေသည်။ ဧကရာဇ်ကြီး၏ ဆွေတော်မျိုးတော်များ ဖြစ်လေသည် ။

၄င်းအပြင်ကို သူသည် အခုတလော ဧကရာဇ်ကြီး၏ အမျိုးအဆွေများနှင့်သာ ပြဿနာဖြစ်နေရသလိုပင်။

အခုတစ်ခေါက်ရော ဖြစ်ပြန်ပြီလား။

" ဪ ၊ ဦးလေးဖုန်း ။ နောက်ဆုံးတော့ ပေါ်လာပြီပဲ။ " ကျွင်းကျူ ၀ူယန်းသည် ရပ်လျက်ဖြင့်သာ ရှိနေဆဲဖြစ်ကာ ဖုန်းကျင်းယွမ်အား သဘောမကျသလို အမူအရာကိုပြ၍ ပြောသည်။ " ဒီကျွင်းကျူက ထင်နေတာ ဦးလေးဖုန်းက လှည်းထဲမှာပဲ ပုန်းနေတော့မယ်လို့လေ ။ ဦးလေးရဲ့ ဇနီးက မယ်တော့်ကို ဘယ်လို ကျိန်ဆဲနေလဲဆိုတာကို ပျော်ပျော်ကြီး နားထောင်နေပြီးတော့ပေါ့ ။  "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now