၁၄၁။ ဟန်ဟန် ၊ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေတာများလား ?

2.9K 383 15
                                    

ထိုသို့ကြားသောအခါ အားလုံးသည် ဖုန်းယွိဟန်ကို လှည့်ကြည့်လာကြသည်။ ဖုန်းယွိဟန်ကမူ ဒူးထောက်နေရာမှ ထရပ်လိုက်ပြီးပြီဖြစ်ပြီး ကြင်ယာတော်ပုအား စိတ်ဆိုးမာန်ဆိုး လှမ်းကြည့်နေသည်ကို တွေ့လိုက်ကြရသည်။ " အမတ်ပုက သက်တမ်းတစ်၀က်ကို တိုင်းပြည်အတွက် ပေးဆပ်ခဲ့တာပါ ၊ တာ့ရွှမ်းပြည်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့တာဖြစ်လို့ ကျန်သက်တမ်းတစ်၀က်ကို အေးအေးချမ်းချမ်း နေထိုင်သွားသင့်တာဆိုပေမယ့် သမီးဖြစ်သူပိလို့ အသက်ဆုံးရှုံးခဲ့ရတာပါ ၊ ဒါက တကယ်ကိုပဲ ... ကြားမိသူတိုင်းကို စိတ်မကောင်းဖြစ်သွားစေပါတယ်ရှင် "

ဖုန်းယွိဟန်၏ စကားများက ၀မ်းနည်းဖို့ကောင်းနေသလို တကယ်လည်း ၀မ်းနည်းပြနေလေ၏။

ပုမိသားစု၀င်များက အံ့အားသင့်နေကြပြီး နားမလည်ပါးမလည် ဖြစ်နေခဲ့သည့် အချို့ကလေးများသည် ဖုန်းယွိဟန်၏ စကားများကို ကြားသောအခါ အခြေအနေကို ပြန်စဥ်းစားသွားကြလေသည်။ သို့ဖြစ်ရာ ပုနင်ရှန်းနှင့် ကြင်ယာတော်ပုက အမတ်ပု၏ သေဆုံးမှုအား ဘာအကြောင်းကြောင့် ဖုန်းမိသားစုမှ သခင်မလေးအား ပုံချနေသည်ကို နားမလည်နိုင် ဖြစ်သွားကြတော့သည်။ သခင်လေးဖုန်း ပြောခဲ့သလိုပင် အမတ်ပုသည် ကြင်ယာတော်ပု ဖိမိလိုက်လို့ သေသွားခဲ့ရတာဖြစ်သည်။ ကြင်ယာတော်ပုအား ပစ်ပေါက်လိုက်သူကလည်း ဧကရာဇ်အရှင်ဖြစ်ပေသည် ။ ထိုသို့ဆိုလျှင် သူတို့သည် ဧကရာဇ်ကြီးထံမှ ဖြေရှင်းချက်ကို သွားတောင်းရန် သတ္တိရှိကြမည်တဲ့လား ။

ပုမိသားစု၀င်များ၏ စိတ်ကယိုင်နဲ့လာသည်ကို မြင်သောအခါ ကြင်ယာတော်ပုက ကိုယ်တွင်းအင်္ဂါများ နာလာသည်အထိ ပို၍စိတ်ဆိုးလာတော့သည်။ " ဖုန်းယွိဟန် ! " ကြင်ယာတော်ပုက အံ့ကြိတ်ကာအော်နေလေ၏။ " နှုတ်ရေးထက်တဲ့ ကောင်မစုတ်လေး ဒီိလိုဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို နင် အသိဆုံးပဲလေ ! "

ပုနင်ရှန်းကလည်း " လာပြီး ရိုင်းစိုင်းပြမနေနဲ့ ! " ဟူ၍ ၀င်အော်သည်။

ပုပိုင်ချီက ကြင်ယာတော်ပုအား ဘာမှမပြောနိုင်သဖြင့် မနိုင်,နိုင်ရာမဲသည်ဟု ဆိုကြသည့်အတိုင်းပင် သမိီးဖြစ်သူကိုသာ ဆူပူလေသည်။ " မင်း ၀င်ပြောရမယ့် နေရာမဟုတ်ဘူး ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now