၅၆။ ဖုန်းယွိဟန် ၊ ထွက်သွားလိုက်တော့

4.1K 409 32
                                    

ရွှမ်ထျန်းမင်မှာ ကလေးဆန်ဆန် အပြစ်တင်ခံလိုက်ရသည်။

' ရွှမ်ထျန်းမင် ' မွေးလာသည့်အချိန်မှစ၍ သူ့အား တစ်ဦးတစ်ယောက်ကမှ ထိုကဲ့သို့ မခေါ်ခဲ့ဖူးပေ။

ခမည်းတော်နှင့် ကြင်ယာတော်မယ်တော်က သူ့အား မင်အာ ဟု ခေါ်ကြတာဖြစ်ပြီး အခြားသူအားလုံးကတော့ အရှင့်သားဟုသာ ခေါ်ကြတာဖြစ်သည်။ အနောက်မြောက်အရပ်ကပြန်ရောက်လာပြီး ဘွဲ့ထူးတစ်ခုရလာတော့ အရှင်ဟူ၍သာ ပြောင်းခေါ်ကြတာဖြစ်သည်။ သူကိုယ်တိုင်တောင် သူ့နာမည်အရင်းမှာ ရွှမ်ထျန်းမင်ဖြစ်သည်ကို မေ့လုနီးနီးဖြစ်နေလေပြီ။

သတ္တိရှိတာချင်းသာ ယှဥ်မည်ဆိုပါက သည်ကောင်မလေးကတောင် သူ့ထက်ပိုပြီး သတ္တိရှိလောက်သည်ဟုပင် ထင်မိသည်။ သူမကလွဲပြီး ဘယ်သူကများ သူ့ကို နာမည်တပ်ပြီး ခေါ်ရဲမှာတဲ့လဲ။

သို့ပေမယ့် ....

သူမ အပိုင်ပစ္စည်းတွေတဲ့လား ?

သူ့ပေါင်ပေါ်တွင် ထိုင်နေခဲ့သည့် တစ်ယောက်ကတော့ တခြားအတွေးများတွေးနေကာ ရုတ်တရက် သူ့ပေါ်မှ ဆင်းလိုက်ပြီး သူ့ခြေထောက်များကို ဟိုကိုင်သည်ကိုင် လုပ်နေလေသည်။

" ဘာလုပ်နေတာလဲ။ "

" မျက်နှာကို ကြည့်ခွင့်မပေးလည်း ခြေထောက်တွေက်ိုတော့ ကြည့်ခွင့်ပေးမယ်မလား။ "

သည်တစ်ခါတော့ ရွှမ်ထျန်းမင်း မငြင်းနိုင်တော့။ " ဘယ်လို ကြည့်ချင်တာလဲ။ "

ဖုန်းယွိဟန် ရှေ့သို့ နည်းနည်းတိုးကာ ရွှမ်ထျန်းမင်၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ လက်လေးများဖြင့် ရွှမ်ထျန်းမင်၏ ဒူးအား ခပ်ဖွဖွ ခေါက်လိုက်သည်။ " နည်းနည်းလောက် ညှစ်ကြည့်မယ်နော် ။ နာလည်း ခဏတော့ သည်းခံပေး။ "

သူမပြောတော့သာ နည်းနည်းလောက် ညှစ်ကြည့်မယ်ဆိုသော်ငြား ဖုန်းယွိဟန်၏ လုပ်ငန်းခွင်အကျင့်ပါနေမှုအရ နည်းနည်းလောက် ညှစ်ကြည့်တာလောက်နဲ့ ဘယ်ပြီးပါ့မလဲ။

သူမ၏ လက်များက ဟိုရွှေ့သည်ရွှေ့လုပ်နေသည်ကိုသာ မြင်နိုင်တာဖြစ်သော်လည်း သူမ၏ ကျွမ်းကျင်မှုကတော့ ဆရာကျလေသည်။ အပ်စိုက်သည့်နေရာအချို့နှင့် ချုပ်ရိုးနေရာများကို လိုက်စမ်းကြည့်ပြီး အရွတ်များကိုလည်း နှိပ်နယ်ပေးကာ အကြောများလျှော့ပေးလိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now