၁၅၁။ ချိီးပဲ ၊ ကြီးမြတ်တဲ့ငါလေးတော့ ထောင်ချောက်ထဲ ကျသွားပြီ

2.4K 301 7
                                    

ဖုန်းဇီဟောင်၏ဗီဇက ဦးနှောက်အတွေးအခေါ်များကို လွှမ်မိုးသွားခဲ့ပြီဖြစ်သည်။ မိန်းမလှလေးသာဆိုပါက ညီမအရင်းပင်ဖြစ်နေပါစေ အလွတ်ပေးတော့မည်မဟုတ်ပေ ။

ဖုန်းချန်းယွီကလည်း ယခင်နေ့များနှင့်မတူပါဘဲ ဖုန်းဇီဟောင်က သူမအနားသို့ ကပ်လာသည့်အခါတွင် လည်ပင်းကို အားပါပါ ပြန်ကိုက်လေသည်။ သွေးများစီးကျလာသည်အထိ အကိုက်ခံလိုက်ရ၍ ဖုန်းဇီဟောင်မှာ အော်ဟစ်နေတော့သည်။

ထိုသည်ကိုအခွင့်ကောင်းယူကာ ဖုန်းချန်းယွီက တောင်အောက်သို့ ပြေးဆင်းသွားလေ၏။ ဖုန်းဇီဟောင်က ဒေါသတကြီးဖြင့် နောက်မှနေ အော်ဟစ်ကျိန်ဆဲရင်း ပြေးလိုက်သွားသည်။ " ကောင်မစုတ်လေး ငါ့ကိုစောင့်နေစမ်း ! မင်း ငါ့မိန်းမဖြစ်လာမယ့်နေ့ ရောက်ကိုရောက်လာလိမ့်မယ် ! မြို့တော်မှာ အလှဆုံးမိန်းကလေး ဟုတ်လား ? ဟက် ! တစ်ကမ္ဘာလုံးမှာ အလှဆုံးမိန်းကလေးဆိုရင်တောင် မင်းက ငါ့အိပ်ရာထဲမှာ အိပ်ရမယ့်သူပဲ ဖြစ်လာလိမ့်မယ် !  "

ထိုစကားများကိုကြားလေ ဖုန်းချန်းယွီမှာ ပို၍စက်ဆုပ်လာမိလေလေ ဖြစ်လို့နေပြီး ခြေလှမ်းများကို အရှိန်တင်လိုက်တော့သည် ။ ခလုတ်တိုက်ပြီး လဲကျသွားခဲ့လျှင်တောင် ချက်ချင်းပြန်ထကာ ထွက်ပြေးနေမိသည်။ အစ်ကိုဖြစ်သူက အသိစိတ်ပျောက်နေပြီဆိုသည်ကို သူမ အသေအချာသိနေသည်။ သူမသာ ထွက်မပြေးဘူးဆိုပါက ဖုန်းဇီဟောင်ထံ၌ ဖျက်ဆီးခံရမည်က အသေအချာပင် ။

" သေစမ်း ! " ဖုန်းဇီဟောင် လည်ပင်းကိုလက်ဖြင့်အုပ်ကိုင်ကာ ပြန်လှည့်လာလိုက်သည်။ " အဲ့ဒီ့အပျက်မ ဖုန်းယွိဟန်ကို ငါဖြေရှင်းပြီးတာကို စောင့်နေလိုက်စမ်း ၊ ပြီးလို့ကတော့ မင်းကို ကိုင်တွယ်ဖို့အချိန်တွေ အများကြီးရှိပါသေးတယ် ၊ ဖုန်းချန်းယွီ မင်း င့ါလက်က ပြေးလို့မလွတ်ပါဘူး " ပြောပြီးနောက်တွင် ဖုန်းဇီဟောင်က ယီယွဲ့၏အလောင်းအား ကန်ထုတ်လိုက်ပြီး ကိုယ့်ဘာသာ ရေရွတ်နေလေ၏။ " တော်သေးတာပေါ့ ၊ အဲ့အဖိုးကြီးလွှတ်ထားတဲ့ လူအိုကြီးတွေ ရှိမနေလို့ ၊ မဟုတ်လို့ကတော့ ဒီည ပိုကြီးတဲ့ပြဿနာတက်ပြီပဲ " ထို့နောက် ဖုန်းဇီဟောင်သည် ယီယွဲ့၏အလောင်းအား လက်စဖျောက်ရန်ပြင်နေလေ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now