၁၅၈။ ဖုန်းကျင်းယွမ် အနှေးနဲ့အမြန် ရှင် ကျွန်မကိို လာတောင်းပန်ရလိမ့်မယ်

2.2K 278 16
                                    

သခင်မကြီးက အစေခံလေးအားကြည့်ကာ ကျင်းကျန့်ကို မေးလာသည်။ " သူမက ဘယ်သူမို့လို့လဲ "

ကျင်းကျန့်သည် ခုနကတုန်းက ထိုအစေခံအား ဖမ်းရန်ကိုသာ စိတ်များနေခဲ့သဖြင့် ဤမတော်တဆမှုအား သူမ မသ်ိထားသလို ဟန်ဆောင်ရမည်ကို မေ့သွားခဲ့တာဖြစ်သည်။ သို့သော်လည်း ဉာဏ်ကောင်းသူဖြစ်၍ ချက်ချင်းပင် အကြောင်းပြချက် ပြန်ပေးလိုက်နိုင်သည်။ " အဲ့အစေခံက အပြင်ကနေ ချောင်းကြည့်နေလို့ပါ ၊ မဖမ်းထားလိုက်မိလို့ ဒီကိစ္စတွေကို တစ်ခြားလူတွေကို လျှောက်ပြောနေရင် ဘယ်လိုလုပ်ကြပါမှာလဲ ၊ ဖုန်းမိသားစုက သူမကြောင့် နစ်နာကုန်မှာစိုးလို့ပါ "

ထိုအခါ သခင်မကြီးက ခေါင်းတစ်ညိတ်ညိတ်ဖြင့် " တော်တယ် " ဟုချီုးကျူးသည်။

အစေခံတစ်ယောက်အပေါ်တွင် အချိန်ဖြုန်းနေချင်သော စိတ်ကူးမရှိသည့်အတွက် ဖုန်းကျင်းယွမ်က " သူမက မကောင်းတဲ့အကြံအစည် ရှိနေတယ်ဆိုမှတော့ သူမကို သတိရလာအောင် လုပ်ပေးဖို့မလိုတော့ဘူး " ဟုဆိုပြီး လျို့၀ှက်ကိုယ်ရံတော်ကို လှမ်းကြည့်လေသည်။ ကိုယ်ရံတော်က ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ ထိုလူ ဘာလုပ်လိုက်သည်ကို မမြင်လိုက်ရသော်ငြား ကိုယ်ရံတော်က ဖုန်းချန်းယွီ၏ဘေးသို့ ပြန်ရောက်လာသည့်အခါတွင် အစေခံလေး၏ ခေါင်းနှင့်ကိုယ်မှာ တစ်ခြားစီ ဖြစ်သွားလေပြီ ။

ဖုန်းရှန်းရုန်မှာ ကြောက်လွန်း၍ တုန်ယင်နေတော့သည်။ ယနေ့ညတွင် သူမ တွေ့ခဲ့ရသည့် သွေးချောင်းစီးနေသောမြင်ကွင်းက မနည်းတော့ပေ ။ ဆယ်နှစ်အရွယ် ကလေးမလေး တစ်ယောက်သာဖြစ်သဖြင့် ထိုမြင်ကွင်းများက သူမအား ခြေမခိုင်ဖြစ်လာစေသည်။

အန်းရှီလည်း ထိုသည်ကို သတိထားမိသဖြင့် ဖုန်းရှန်းရုန်ကို တွဲပေးလိုက်ပြီး သခင်မကြီးကို လှမ်းပြောသည်။ " တတိယသခင်မလေးက ငယ်ပါသေးတယ် ၊ ဒီလိုမြင်ကွင်းတွေကို မမြင်သင့်ပါဘူး ၊ ဒီကိုယ်လုပ်တော်က ဒါကြောင့် သခင်မလေးကို အရင်ပြန်ခေါ်သွားလိုက်ပါ့မယ် "

သခင်မကြီးက လက်တစ်ခါခါဖြင့် " သွားကြ ! အားလုံးသွားကြတော့ ! " ဟုဆိုသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now