၅၀။ သခင်လေးက ကျောင်းကိုတောင် မသွားပါဘူး။

3.8K 434 9
                                    

ဒါပေမယ့်လည်း ဖုန်းချန်းယွီ ဘာမှ ၀င်မပြောရဲပါ။ ဖုန်းမိသားစု၌ သူမအတွက် ကြံစည်ထားသည်များရှိသော်လည်း ထိုအရာများမှာ မသေချာသေးသည့်အရာများဖြစ်ပေသည်။ လောလောဆယ်တွင်တော့ သူမသည် ဖုန်းမိသားစု၏ တရား၀င်သမီးဖြစ်နေဖို့ရာ လိုသေးသည်မို့ ချန်ရှီသည်လည်း ပဏာမဇနီးနေရာတွင် ရှိနေဦးမှဖြစ်မည်။ ကိစ္စတွေသည် ကောင်းလျှင်ဆိုလျှင်လည်း အရမ်းကောင်းတက်ကာ ဆိုးပြီဟေ့ဆိုလျှင်လည်း အရမ်းဆိုးတက်သည့်သဘောရှိသည် မဟုတ်ပါလား။

ထိုသို့တွေးလိုက်ကာ ဖုန်းချန်းယွီသည် သခင်မကြီး၏ရှေ့၌ ဒူးထောက်ချလိုက်ကာ ၀ပ်တွားရင်း တောင်းပန်လိုက်သည်။ " အမေ့ကိုယ်စား ချန်းယွီကပဲ ဖွားဖွားဆီက ခွင့်လွှတ်မှုကို တောင်းခံပါ့မယ်။ အမေက အစ်ကိုကြိိးကို အလိုလိုက်ထားလို့ ဒီလိုတွေဖြစ်ကုန်ရတာပါ။ ချန်းယွီကို အပြစ်ခံယူဖို့​ပြောရင်လည်း ခံပါ့မယ်။ ဖွားဖွားကတော့ ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ။ အစ်ကိုကြီးကြောင့် ဖွားဖွားနေမကောင်းဖြစ်သွားရင် ချန်းယွီ အကြိမ်တစ်သောင်းသေရရင်တောင် ဖြေနိုင်မှာ မဟုတ်ပါဘူး။ "

ပြောရင်းဖြင့် မျက်လုံးများမှလည်း ပုလဲမျက်ရည် နှစ်စက်စီးကျလို့လာလေသည်။

ဖုန်းချန်းယွီသည် လှပစွာ မွေးဖွားလာသည်ကို အားလုံးအသိပင်။ သူမ၏ နဂိုသွင်ပြင်အား ထိုပုလဲမျက်ရည်များဖြင့် ပေါင်းစပ်လိုက်သည့်အခါ လူအားလုံး၏ အသည်းများမှာ ခံနိုင်ရည်မရှိကြတော့။

သခင်မကြီးသည် ကျိန်ဆဲလို့၀ပြီဖြစ်၍ ဒေါသများမှာလည်း ပြေနေပြီဖြစ်သည်။ ချန်းယွီ၏ ထိုပုံစံအား မြင်ရသည်ကို ရင်နာ၍ " မြေးလေးရယ် ၊ ထလို့ ရပါပြီ။ ဖွားဖွားက ချန်းယွီကို အပြစ်မတင်ပါဘူး။ " ဟုဆိုလာသည်။

ထိုသို့ဆိုရုံလောက်နှင့်တော့ ချန်းယွီမထနိုင်ပါ။ သူမ ငိုလေလေ ပို၍ သနားခံရလေလေ ဖြစ်မည်မဟုတ်ပါလား။ " ဖွားဖွား ၊ အမေနဲ့ အစ်ကိုကြီးကို ခွင့်လွှတ်ပေးပါ။ အခုအချိန်မှာ အစ်ကိုကြိိီးရဲ့ ရောဂါကို ပျောက်အောင်ကုဖို့နဲ့ ဖွားဖွားရဲ့ ကျန်းမာရေးကသာ အရေးအကြီးဆုံးပါ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now